ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင်
ကိုယ်မုန်းတဲ့အရာတွေကို
ချစ်အောင်ကြိုးစားကြည့်။
အလေးမရတာ မကြိုက်ဘူး။
ရေရှည်အတွက် အကျိုးရှိရင်
ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။
နည်းပညာသစ်တွေအသုံးမပြုချင်ဘူး။
ရေရှည်အတွက် အကျိုးရှိရင်
ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။
တချို့လူတွေကို အဆက်အဆံမပြုချင်ဘူး။
ရေရှည်အတွက် အကျိုးရှိရင်
ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။
စာတွေ၊ ဗီဒီယိုတွေလုပ်ငန်းအတွက်
တင်ရမှာ မကြိုက်ဘူး။
ရေရှည်အတွက် အကျိုးရှိရင်
မကြိုက်လဲ ကြိုက်အောင်ကြိုးစားကြည့်ရမှာပဲ။
ဘဝမှာ တချို့အတွေးအခေါ်တွေကို
လက်မခံချင်ဘူး။
ရေရှည်အတွက် အကျိုးရှိရင်
လက်ခံနိုင်အောင် ကြိုးစားကြည့်ရမှာပဲ။
ကိုယ်က ဘာကောင်မှလဲမဟုတ်ဘူး။
ကိုယ့်အတွက်၊ မိသားစုအတွက်၊
ကိုယ့်လုပ်ငန်းအတွက်၊ ကိုယ့်ရပ်ရွာ၊
ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ လူတွေအတွက်
တစ်ဆင့်ချင်းလာတယ်။
ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။
Phyo Paing @ Derek