ရောင့်ရဲတယ်ဆိုတဲ့ စကားက
ကိုယ့်အဖေ၊ အမေ၊
သား၊ သမီး
ကျန်းမာရေး ဆိုးဆိုးရွားရွားဖြစ်ပြီး
ကုသစရိတ် သိန်းထောင်ပေါင်းများစွာ
မကုန်ခင်ထိက ကောင်းတယ်။
ဆေးရုံနဲ့ ဆယ်စုနှစ်ဝက်တစ်ခုလောက်
အမြဲထိတွေ့တဲ့ အတွေ့အကြုံအရ
လောကကြီးက မမျှတဘူး။
ပိုက်ဆံမရှိရင် မသေသင့်ပဲ
စောစောသေတာကြီးပဲ။
ဒါကြောင့် လောကကြီးက မျှတတယ်ဆိုတာ
စိတ်ကူးယဥ်ဝတ္ထုတွေထဲမှာပဲ
ရှိကောင်းရှိနိုင်တယ်။
ငယ်ရွယ်တုန်းမှာ ဆာလောင်မှုလိုတယ်။
ကိုယ့်အချိန်ကို အကောင်းဆုံး
အကောင်းဆုံးအသုံးချနိုင်ဖို့လိုတယ်။
အာရုံကို အကောင်းဆုံးအသုံးချနိုင်ဖို့လိုတယ်။
Phyo Paing @ Derek