လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က
လကုန် လစာပေးဖို့ ရုန်းကန်ခဲ့ရတဲ့
အချိန်တွေရှိတယ်။
ရောင်းပြီးရှုံးတဲ့ ရောင်းရှုံးအချိန်တွေလဲ
ဒေါ်လာစျေးအတွက်အကျမှာကြုံခဲ့ဖူးတယ်။
ငါလုပ်နေတဲ့လုပ်ငန်းနဲ့
ငါသွားချင်တဲ့လမ်းကြောင်းနဲ့ လွဲနေပြီ
ဆိုတဲ့ခံစားချက်လဲ ကြုံခဲ့ဖူးတယ်။
ကိုယ်တွဲအလုပ်လုပ်ချင်တဲဲ့
ဥာဏ်ရည်မြင့်ဝန်ထမ်းတွေနဲ့မဟုတ်ပဲ
ပြောင်းပြန်သူတွေနဲ့ နေ့စဥ်
ပြောဆိုဆက်ဆံပြီး
စိတ်တွေညစ်ဖူးတယ်။
လုပ်ငန်းမှာ ငွေဝင်ပြီး
ခွဲလို့မရတဲ့ ဥစ္စာစောင့်ဘဝလဲ
ကြုံခဲ့ဖူးတယ်။
ဒီဆယ်စုနှစ်တစ်ခုမှာ
အလုပ်မဖြစ်တာ အခုတစ်ရာမက
လုပ်ခဲ့ဖူးတယ်။
နောက်မှ ပြန်လည်သုံးသပ်ရင်း
ကိုယ်နဲ့ အံ့ဝင်ဂွင်ကျဖြစ်တဲ့
Business model ကိုတွေ့လာတယ်။
မဟာဗျူဟာချ ဖြန့်ကျက်လို့လွယ်လာတယ်။
ပေါက်ကွဲမှုအားပိုကောင်းလာတယ်။
အကွက်ရွေ့ရပို ကောင်းလာတယ်။
တဖြည်းဖြည်းနားလည်လာတာ
Model မှားရင် မယ်တော်လဲ
မကယ်နိုင်ဘူး။
လုပ်ငန်းတစ်ခုမှာ အရေးအကြီးဆုံး
တစ်ခုက Business Model မှန်ဖို့။
ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့
Business Model တစ်ခုဖြစ်ဖို့လိုတယ်။
Business Model ဆိုတာ
ငွေဘယ်လိုရှာမလဲဆိုတဲ့ ပုံစံပဲ။
ဝယ်ရောင်းလဲရတယ်။
ထုတ်ပြီးလဲ ရောင်းလို့ရတယ်။
မဝယ်ပဲ ပွဲစားလုပ်ပြီးလဲရောင်းလို့ရတယ်။
ပြန်ရောင်းမည့်သူတွေကို ရောင်းလဲရတယ်။
ခေါင်းဆောင်တွေမွေးထုတ်ပြီးပဲ
ဦးဆောင်ပြီး ရောင်းခိုင်းလို့ရတယ်။
လူမပါပဲ နည်းပညာနဲ့ပဲလဲရောင်းခိုင်းလို့ရတယ်။
ဘယ်လိုရောင်းမလဲ
အရင်းအမြစ်နဲ့ ပါတနာတွေကို
ဘယ်လိုပေါင်းမလဲ အရေးကြီးတယ်။
ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့
Business Model လိုတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay