Digital Economy
Digital Economy နဲ့ Gig Economy ကြီးလာဖို့
အရင်ကထက် အများကြီးပိုမြန်လာပြီ။
အရာရာစျေးတွေ ကမောက်ကမဖြစ်နေတဲ့အချိန်မှာ
တခြားအရာတွေမှာ ရင်းနှီးမြုပ်နှံတာထက်
အချိန်နဲ့ ငွေကို အနာဂတ်မှာလိုအပ်နိုင်မည့်
ကျွမ်းကျင်မှုတွေမှာ ရင်းနှီးမြုပ်နှံတာမျိုးလုပ်ဖို့လိုတယ်။
Product, Service or Skills တို့ရဲ့ရည်ရွယ်ချက်က
ပြသနာတွေဖြေရှင်းဖို့ ဖြစ်ပါတယ်။
အနာဂတ်ရဲ့ ပြသနာတွေကိုဖြေရှင်းနိုင်ဖို့
Freelancing Skills တွေတက်ထားဖို့လိုတယ်။
Professional Skills အပြင်
Digital Marketing သိဖို့လိုလာပြီ။
Freelance လုပ်မယ်ဆိုလိုအပ်တဲ့
IT skills တွေ တတ်ထားဖို့လိုလာပြီ။
Time Management, Productivity နဲ့
Client နဲ့ ဘယ်လိုအလုပ်လုပ်မလဲ သိဖို့လိုလာပြီ။
ဒီနောက်ပိုင်းမှာ One Person Business or
Solopreneurship တွေက Covid-19 နဲ့အတူ
ကြီးလာဖို့ရှိတယ်။
ခုချိန်က Company ကြီးလေ Risk အရမ်းပိုများလေဖြစ်ပြီး
Digital Marketing ပေါ်မှာ အကုန်လုံးက
တန်းတူနီးပါး အခွင့်အရေးရထားကြတယ်။
Content Marketing တွေလုပ်တတ်ဖို့
လေ့လာထားဖို့လိုတယ်။
Basic video editing လုပ်တတ်ဖို့လိုတယ်။
Personal Finance လိုမျိုး ငွေကြေးစီမံခန့်ခွဲတတ်ဖို့
Cashflow ကို စီမံပြီး အနာဂတ်မှာ ဒုက္ခမရောက်ဖို့
လေ့လာထားဖို့လိုလာကြပြီ။
ဒီအချိန်က ဦးနှောက်မှာ
လက်တွေ့ကျကျ Skill တွေမှာ
ရင်းနှီးမြုပ်နှံဖို့အချိန်ရောက်ပြီ။
Phyo Paing @ Derek