ရွေးချယ်မှု
သွားတဲ့လမ်းမှားပြီး
သေလောက်အောင်ပြေးနေအုံးတော့
သွားချင်တဲ့ ရည်မှန်းချက်
ရောက်မှာ မဟုတ်ဘူး။
ဒီလိုမျိုး စကားမျိုးခဏခဏ
ကြားဖူးလိမ့်မယ်။
လမ်းမမှားဖို့ မကြာခဏ
သွားနေတဲ့လမ်းကြောင်း
မှန်ကန်ရဲ့လား မကြာခဏ
ပြန် check လုပ်ရတယ်။
ဒါအလုပ်၊ ဘဝ၊ ကျန်းမာရေး၊
ငွေရေးကြေးရေး အရာရာမှာပေါ့။
တခါတလေ ဘဝကို
လမ်းကြောင်းမှားကြီးနဲ့
autopilot mode နဲ့ ဖြတ်သန်းပြီး
လမ်းဆုံးမှ ငါမှားပြီဆိုတာ
နောက်တမရဖို့ ကိုယ်သွားနေတဲ့လမ်း
မှန်မမှန် အမြဲ ပြန် check ရသလို
လမ်းမှားနေရင် မှန်မှန်ပြင်ဖို့လိုတယ်။
ပြင်ရဲတဲ့ သတ္တိလဲလိုတယ်။
ဒါက လူတိုင်းအတွက် အရေးကြီးတယ်။
Phyo Paing @ Derek