တချို့လူတွေအတွက် တချို့အချိန်တွေမှာ
အချစ်သီချင်းနားထောင်တဲ့အခါ
အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတဲ့အချိန်တွေ
ရောက်လာတဲ့ အသက်အရွယ်ရှိလာမယ်။
နောက်ပြီး လောကကြီးက
ငယ်ငယ်ကလို
ရင်ခုန်စရာမကောင်းတော့ဘူး ဆိုတဲ့
အချိန်တစ်ခု ရောက်လာတာမျိုးလဲ
ဖြစ်ရင်ဖြစ်မယ်။
တခါတလေ ဘဝမှာ
နေရထိုင်ရတာ ပေါ့ရွှတ်ရွှတ်ဖြစ်နေတာမျိုး
ဘဝဟာ ငယ်ငယ်က
ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်ဘဝလို
လတ်ဆတ်မှုမရှိတော့တာမျိုးလဲ
ခံစားရတဲ့ အချိန်တွေရှိနိုင်တယ်။
တချို့တွေအတွက်
Happily Ever After ဆိုတာ
နောက်ဆုံးပြောတဲ့နေ့က
မင်္ဂလာဆောင်တဲ့နေ့ဖြစ်နိုင်တယ်။
Marriage ဆယ်ခုမှာ
ဘယ်နှစ်ခုလောက်က
လတ်ဆတ်ပျော်ရွင်သလဲ
သုတေသနတွေကြည့်တဲ့အခါ
အံ့သြစရာ ကိန်းဂဏန်းကိုတွေ့လိမ့်မယ်။
ဘဝကို ရင်ခုန်မှုအပြည့်နဲ့
ဘဝရဲ့ အနှစ်သာရအပြည့်နဲ့
ဖြတ်သန်းနေတဲ့ သူတွေကို
လိုက်လေ့လာမိတယ်။
ဘဝက စိတ်ဝင်စားဖို့ကောင်းတယ်။
လိုချင်တာရဖို့ ကံကြမ္မာကိုပဲ
ပုံချထားလို့မရဘူး။
လိုချင်တဲ့ဘဝမျိုးဖြစ်ဖို့
သေချာ design ချရတယ်
default နဲ့ မရဘူးဆိုတာ
နားလည်လာတယ်။
ဘဝကို design ချတဲ့အခါ
လမ်းခရီးမှာ
trials and errors တော့ ရှိမှာပဲ။
အရေးအကြီးဆုံးက
မှားခဲ့ရင်တောင် ဆုံးရှုံးမှုနည်းအောင်
ကြိုတင်ပြင်ဆင်ထားဖို့နဲ့
တစ်သက်မှာ တစ်ခါလူလာဖြစ်တာ
ကိုယ့်ရဲ့ best version တည်ဆောက်ဖို့ပဲ။
ဒါလုပ်နိုင်မှ ကိုယ်ချစ်တဲ့သူတွေကို
အကောင်းဆုံးတွေပြန်ပေးနိုင်မှာ။
Phyo Paing @ Derek