လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ရည်မှန်းထားတဲ့ ရလဒ်တွေ တိတိကျကျရဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းတစ်ခု ခေါင်းထဲမှာ မကြာခဏမေးမိမှာပါ။
ဒီအတွက် ကိုယ်လိုချင်တဲ့ရလဒ်တစ်ခု ထွက်ချင်တဲ့အခါ အသုံးပြုနိုင်မယ့် SCAR Framework ကို မျှဝေပေးလိုက်ပါတယ်။
SCAR Framework ဆိုတာကတော့
System + Coach + Action = Result ပါ။
1. System
System ဆိုတာကတော့ လမ်းပြမြေပုံတစ်ခုနဲ့တူပါတယ်။
ကိုယ်မရောက်ဖူးသေးတဲ့ နေရာတစ်ခုရောက်ရင် ဘယ်နေရာကို ဘယ်လမ်းကြောင်းက သွားရင် ရောက်တယ်ဆိုတာမျိုး
ကိုယ်ရချင်တဲ့ ရလဒ်ရဖို့ ဘယ်လိုနည်းလမ်းတွေကို သုံးပြီး လုပ်ရမလဲဆိုတဲ့ နည်းစနစ် အရေးကြီးပါတယ်။
ဥပမာ လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ငန်းစတင်တဲ့အချိန်မှာ ဘာလုပ်သင့်သလဲ၊ လုပ်ငန်းကြီးထွားလာတဲ့အခါမှာ ဘာလုပ်သင့်လဲဆိုတဲ့ နည်းစနစ်တွေကို သိဖို့ လိုပါတယ်။
2. Coach
System ဆိုတဲ့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းစနစ်တွေကို သိပြီးတဲ့အခါမှာ အဲဒီနည်းစနစ်တွေကို စနစ်တကျအသုံးချနိုင်ဖို့ လမ်းပြပေးမယ့် Coach လိုအပ်ပါတယ်။
Coach တွေဟာ ကိုယ်သွားနေတဲ့ လမ်းကြောင်းမှန်မမှန်၊ ဘယ်အချိန်မှာ ဘာလုပ်သင့်လဲဆိုတဲ့ လမ်းညွှန်မှုတွေ ပြုလုပ်ပေးနိုင်သူဖြစ်ပါတယ်။
တနည်းအားဖြင့် Coach တွေဟာ ကိုယ်လိုချင်တဲ့ရလဒ်ကို ရောက်အောင် ကူညီပေးနိုင်ပါတယ်။
3. Action
ကိုယ့်လုပ်ငန်းအောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ System လဲရှိပြီ။ ကိုယ့်ကို လမ်းပြပေးနိုင်မယ့် Coach လည်းရှိပြီ။ အဲဒီနောက်မှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ လက်တွေ့လုပ်ဆောင်ဖို့ပဲ Action ပဲကျန်ပါတယ်။
လုပ်ငန်းတွေအနေနဲ့
System + Coach + Action = Result ဆိုတဲ့ Framework ကိုသုံးပြီး ကိုယ်လိုချင်တဲ့ရလဒ်တွေ ရမယ်လို့ ယုံကြည်ပါတယ်။
AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay