တစ်ရက်တာကို အလဟဿ
ဖြုန်းလိုက်မိတဲ့အချိန်တိုင်း
တိုင်နဲ့ ခေါင်းနဲ့ဆောင့်ပြစ်ချင်ခဲ့တယ်။
ဘဝ ၂၄ နာရီထက်ပိုလိုတယ်လိုပြောတာ
လူညံ့တွေရဲ့လေသံလို့ထင်တယ်။
ကိုယ်လဲအမြဲ အဲ့လိုစဥ်းစားဖူးတယ်။
နောက်ပိုင်း မဟုတ်သေးပါဘူးလေ။
ငါဘာလိုနေလို့လဲ စဥ်းစားကြည့်တော့
စွမ်းဆောင်ရည်မြင့်ဖို့လိုနေတာသွားတွေ့တယ်။
အရင်းအမြစ်ကိုလိုက်ရှာတော့
စိတ်ခံစားမှုတွေကို မလွမ်းမိုးနိုင်တာကစတယ်။
စိတ်မပါရင် အလုပ်မလုပ်ဘူး။
စိတ်ညစ်နေရင် အလုပ်မလုပ်ဘူး။
ဒီ စိတ်ခံစားမှုတွေက အလုပ်ပြီးမြောက်ဖို့
အတားအဆီးဖြစ်နေတယ်။
ဒီလောက်တောင်ဖြစ်ရတာကွာဆိုပြီး
အဲ့ဒီ စိတ်နဲ့ ပတ်သက်တာ
မှန်သမျှလိုက်လေ့လာတယ်။
လူတွေ ဘယ်လိုအချိန် motivation ရသလဲ၊
ဘယ်လိုအချိန်မှာ စိတ်ညစ်သလဲ၊
ဒါကို ဘယ်လိုဖြေမလဲ၊
အမြဲဘဝကြီးက အထာကျနေအောင်
စိတ်ကို ဘယ်လိုထားမလဲ၊
စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားမလဲ၊
အမြဲစွမ်းဆောင်ရည်မြင့်ဖို့
စိတ်ခံစားမှုကောင်းတွေကို
ဘယ်လို program ထည့်မလဲ
ဒါတွေတွေ့လာတယ်။
နောက်အပြုအမူဆိုင်ရာအပိုင်းတွေ
လေ့လာတယ်။
အဲ့မှာ အရေးကြီးတာ identity ဆိုတဲ့
အပိုင်းက အမူအကျင့်ပေါ်
သက်ရောက်မှုကြီးတာကိုတွေ့ရတယ်။
ကိုယ်ဘယ်သူလဲဆိုတဲ့
identity ကို design လုပ်ဖို့ နည်းလမ်း
ပြန်ရှာတယ်။
အများစု ဖက်တီးတွေ ဝိတ်ချမရတာ
ဒီ ဖက်တီး identity ကိုမပြင်နိုင်လို့ဆိုတာ
သွားတွေ့တယ်။
ဒါနဲ့ breaking the habits of being yourself
ဖြစ်ဖို့ identity ကို အသစ် design
ပြန်လုပ်ရတယ်။
နောက် ကိုယ်လိုချင်တဲ့ personality တွေကို
ပြန်သွင်းဖို့ စနစ်တကျပြန်လုပ်ရတယ်။
နောက် ဒီ “ကိုယ်”ဆိုတဲ့ လူကို
မောင်းနှင်ဖို့ “အတွေးအခေါ်”
principle တွေလိုတယ်။
ဘဝဖြတ်သန်းမှုဖြစ်စဥ်ကို ပြန်သုံးသပ်ပြီး
principle တွေ ပြန်ထုတ်တယ်။
ဘူကောင်တွေကို ရှောင်တို့၊
အလုပ်ကို ပိုးစိုးပက်စက်လုပ်တို့၊
ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေလုပ်၊
ကိုယ့်ကိုကိုယ် ရေရှည်ဒုက္ခရောက်တဲ့အလုပ်တွေ
မလုပ်နဲ့တို့၊
အတွေးအခေါ် ဘေးချော်ရင် အရေးပေါ်ပြင်တို့၊
အလုပ်ဖြစ်တာ၊ မဖြစ်တာခွဲသိ ဖြစ်တာလုပ်။
အဲ့လို လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလိုက်ပါဆိုတဲ့
အတွေးအခေါ်တွေ ထုတ်လိုက်တယ်။
အဲ့လို principles တွေထုတ်သလို
အလုပ်အတွက်လဲ
ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးရမယ်။
အိမ်စာလုပ်ပါ။
မော်ဒယ်မှားရင် မယ်တော်လဲကယ်လို့မရဘူး။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ပါ။
အိပ်နေရင်တောင် ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ပါ။
အဲ့လို principles တွေကို
personal, professional နဲ့ business ပိုင်းတွေ
အတွက် ထုတ်လိုက်တယ်။
ဥပမာ marketing ပိုင်းမှာဆိုရင်လဲ
လှည့်ကြည့်စရာမလိုတဲ့ marketing team
တည်ဆောက်ဖို့ SAPWAR လိုတယ်။
Strategic, Analytical, Project Management,
Writing (content + copy), Ads (Media Buying) နဲ့
Research Skills တွေလိုတယ်လေ။
ခပ်တည်တည်နဲ့ ကိုယ့် လုပ်ငန်းနာမည်နဲ့
လိုအပ်တဲ့ skill တွေနဲ့ တွဲပေးလိုက်တယ်။
ဒီ Principles နဲ့ Identity နဲ့
စိတ်ခံစားမှုတွေကို လွမ်းမိုးနိုင်စွမ်းက
အရေးအရမ်းကြီးတယ်။
ငယ်ငယ်ကတော့ Brian Tracy တို့
စာအုပ်တွေ ဖတ်ခဲ့တာပေါ့။
အခုတော့ ကိုယ့်အတွက်
အရမ်းလွယ်တဲ့ နည်းစနစ်တွေ
ဖြစ်နေတာသတိထားမိတယ်။
ဖြစ်နိုင်တာတစ်ခုက
အရင်ခေတ်အရေးအသားနဲ့
ဒီနေ့ခေတ် နည်းပညာနဲ့ သုတေသန
တိုးတက်လာတဲ့အတွက်
တွေ့ရှိချက်အသစ်တွေ တွေ့လာလို့လဲဖြစ်နိုင်တယ်။
ဥပမာ The Power of Habits တို့၊
Atomic Habits တို့လို စာအုပ်တွေက
ခေတ်သစ်ပုံစံနဲ့ ရေးထားပြီး
science-backed ဖြစ်တယ်။
အရင်ခေတ် Brian Tracy ခေတ်က အမြဲပြောတာကတော့
မနက်ဖြန်ကို ဒီနေ့ထဲက plan ပါ။
အရေးကြီးတာ၊ အရေးမကြီးတာခွဲသိပါ။
Task တွေကို ABCD ခွဲလိုက်ပါ။
A ကို အရင်ပြီးအောင်လုပ်ပါ။
80/20 rule ကိုကျင့်သုံးပါ။
Deadline သတ်မှတ်ပါ။
Distraction တွေကို ရှောင်ပါ။
နည်းပညာကို အသုံးချပါ။
ကိုယ်လိုချင်တဲ့ Key Result Areas ကိုသိပါ။
အရေးအကြီးဆုံး အလုပ်သုံးခုကို ချရေးပါ။
တစ်ရက်တာမှာ ဒါကို အကောင်အထည်ဖော်ပါ။
တစ်ခုပြီးမှ တစ်ခုလုပ်ပါ။
Artificial Deadline သတ်မှတ်ပါ။
အာရုံစိုက်ပါ။
ကိုယ့်ရဲ့ Skill ကိုဖြည့်ပါ။
ကိုယ့်ကို ဘယ်အရာတွေက တားဆီးနေလဲသိပါ။
အချိန်ကို သေချာ စီမံခန့်ခွဲပါ။
မလုပ်ခင်ကတည်းက consequence ကို
စဉ်းစားပါ။
ငယ်ငယ်ကလဲ Brian Tracy ရဲ့
စာအုပ်တွေက ကိုယ့်ကိုကူညီပေးခဲ့တာပဲ။
ဥပမာ ကားပေါ်က တက္ကသိုလ်ဆိုတာ
ကားမောင်းနေရင်း audiobook နားထောင်ဖို့
တိုက်တွန်းခဲ့တဲ့အတွက်
ဘဝပြောင်းလဲရေးမှာ အများကြီးကူညီပေးခဲ့တယ်။
ဒီနေ့ Eat that frog စာအုပ်ကို
ပြန်ဖတ်ရင်း ငယ်ငယ်တုန်းက
အချိန်တွေကို တောင်ပြန်သတိရတယ်။
အမှန်တော့ ခေတ်ကအရမ်းပြောင်းသွားပြီ။
Distraction ကို ရှောင်လို့ပြောတဲ့အခါ
လူတွေမှာ Monkey Brain,
Robot Brain နဲ့ Sage Brain ရှိတဲ့အကြောင်း
မတူညီတဲ့ ဦးနှောက်ကို ဘယ်လို
အသုံးပြုရမယ်ဆိုတဲ့ ဖက်
ဒီနေ့ခေတ်စာအုပ်တွေက ရောက်သွားပြီ။
The chimp paradox တို့လိုစာအုပ်တွေဖတ်ကြည့်။
နောက် Follow Your Passion နဲ့မပြီးတော့ဘူး။
Career Capital တည်ဆောက်ဖို့
so good they can’t ignore you တို့လို
စာအုပ်တွေပေါ်လာပြီ။
အလုပ်ကို အာရုံစိုက်ဖို့ Deep Work တို့လို
စာအုပ်တွေ ပေါ်လာပြီ။
နောက် Motivational speaker တွေက
comfort zone ကထွက်ဖို့အောင်နေတုန်း
intrinsic motivation သုံးဖို့
Motivation 2.0 တွေထွက်လာပြီ။
NLP အပြင် ဒီနေ့ခေတ်က
Mental Model တွေ design လုပ်တဲ့
ခေတ်ရောက်ကုန်ပြီ။
ဒီ 435 ရက် မှာ စာအုပ် 435 အုပ်ဖတ်ပြီး
record လုပ်ခဲ့တဲ့ ခရီးစဥ်ကနေ
အတွေးတွေ အများကြီး
ပွင့်သွားခဲ့တယ်။
လိုချင်တဲ့ personality ကိုလဲ
design လုပ်လို့ရလာတယ်။
ဘယ်သူ ဘာထင်ထင် စောက်ဂရုမစိုက်ဘူးဆိုတဲ့
လူတွေရဲ့အထင်အမြင် matrix ကြီးထဲက
ထွက်ဖို့ လမ်းစတွေ အများကြီးတွေ့လာတယ်။
အားတီအားမေတို့ကော
သိုးကလေးအဖြစ်နဲ့ပဲနေမှာလား
အမှန်တွေကို မြင်ချင်လား။
အမှန်မြင်ဖို့ အမြင်မှန်လိုတယ်။
အမြင်မှန်ဖို့ ကိုယ့်အမြင်ကိုယ်
ပြန်ဆန်းစစ်ဖို့ ခေါင်းထဲထည့်တဲ့
အရာတွေကို ဂရုပြုဖို့လိုတယ်။
Phyo Paing @ Derek