ရထားပြီး မလိုချင်ရင်လဲ
လေးလံမှုဖြစ်တယ်။
ရထားပြီး ရှုံးဆုံးမှာကြောက်ရင်
ပူပန်မှုဖြစ်တယ်။
မဖြစ်သေးတဲ့အနာဂတ်ကိုတွေးပြီး
ကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။
ပြီးသွားတဲ့ အတိတ်ကိုပြင်ဆင်ဖို့
ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။
ဘဝမှာ ရလိုက်တာ
သင်ခန်းစာတွေပဲ။
သင်ခန်းစာတွေက
အနာဂတ် အမြင်ခမ်းတာ၊
အမြင်ကန်းတာကို ကာကွယ်ပေးနိုင်တယ်။
အကောင်းဆုံးတည်ဆောက်ထားတဲ့
ဘဝရဲ့ “အိမ်”က
ကိုယ်ပဲ။
လုပ်သမျှ၊ ကြံသမျှ၊ တွေးသမျှက
ဒီအိမ်ကြီး ပိုကောင်းအောင်
တည်ဆောက်နိုင်ဖို့ပဲ။
ကျက်သရေရှိရှိ အသက်ကြီးသွားဖို့
အရေးကြီးတယ်။
Phyo Paing @ Derek