နည်းပညာ လုပ်ငန်းတွေမှာတော့
ရှိတာနဲ့စတာကို bootstrap လို့ခေါ်ပြီး။
စတင်ဖို့ ရင်းနှီးငွေရှာတာကို
Pre-seed funding လို့ခေါ်ပါတယ်။
ယူလေ့ရှိသူတွေက Founder အပြင် 4F လို့သုံးတယ်။
Father, Friends, Family Members, Fools တဲ့။
Company တန်ဖိုးအနေနဲ့
Pre-seed မှာ Company တန်ဖိုးဟာ ဒေါ်လာတစ်သန်းအောက်။
Seed funding မှာ ဒေါ်လာ ၁.၅ နဲ့ ၅ သန်းကြား၊
Series A မှာ ဒေါ်လာ ၅ သန်းနဲ့ သန်း ၅၀ ကြား၊
Series B, C, D မှာ သန်း ၅၀ အထက် ရှိရပါတယ်။
ဘယ်သူတွေရင်းနှီးမြုပ်နှံသလဲ?
Pre-seed : Angel Investor
Seed : Super Angel, Seed VCs
Series A : VCs, UHNWIs
Series B, C, D : VCs, PEs, SWFs, Corporates
ဘယ်အချိန်တွေမှာ မြုပ်နှံလေ့ရှိသလဲ?
Pre-seed : 12-18 months
Seed : 18 – 24 months
Series A : 24 – 36 months
Series B, C, D : 36 – 96 months
ရင်းနှီးမြုပ်နှံမှု ဘယ်လောက်မျှော်မှန်းလို့ရသလဲ?
Pre-seed : ဒေါ်လာ နှစ်သိန်းခွဲအောက်
Seed : ဒေါ်လာ တစ်သန်းအောက်
Series A : ဒေါ်လာ တစ်သန်းနဲ့ ဆယ်သန်းကြား
Series B, C, D : ဒေါ်လာဆယ်သန်းအထက်။
အနက်ဖွင့်
VC – Venture Capitalist
SWF – Sovereign Wealth Funds
PE – Private Equity
UHNWI – Ultra High-Net-Worth Individuals
စီးပွားရေးလုပ်ဖို့ စီးပွားရေးပညာလေ့လာပါလို့
အကြံပြုပါရစေ။
Phyo Paing @ Derek
#phyopaing2018