လုပ်ငန်းဆိုတာ ကားတစ်စီးဆိုရင်
ဘီးလေးဘီးရှိတယ်။
ရှေ့ဘီးနှစ်လုံးနဲ့ နောက်ဘီးနှစ်လုံး။
အရှေ့ဘီးနှစ်လုံးကတော့
၁။ ငွေကြေးဆိုင်ရာ
၂။ ဖောက်သည်ရေးဆိုင်ရာ
နောက်ဘီးနှစ်လုံးက
၁။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဆိုင်ရာ
၂။ လုပ်ငန်းစနစ်နဲ့ ဝန်ထမ်းဆိုင်ရာ
ပထမဘီးဖြစ်တဲ့ ငွေကြေးဆိုင်ရာ
ရည်မှန်းချက်ပန်းတိုင်တွေပြည့်ဖို့
ဒုတိယဘီး ဖောက်သည်တွေ
ဖြည့်ဆည်းပေးမှရတယ်။
ဒုတိယဘီးကို အထောက်အပံ့ပြုဖို့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှု
တီထွင်ဆန်းသစ် ကောင်းမွန်ဖို့လိုတယ်။
ဒီလိုကောင်းမွန်ဆန်းသစ်ဖို့
စတုတ္ထဘီးဖြစ်တဲ့
လုပ်ငန်းစနစ်နဲ့ ဝန်ထမ်းရေးရာ
အရေးကြီးလာတယ်။
ဒါကို Harvard Business Review မှာ
Harvard Professor တွေဖြစ်တဲ့
Kaplan & Norton က
Balanced Scorecard (BSC) ဆိုပြီး
တီးထွင်ဆန်းသစ်ခဲ့တယ်။
ကိုယ့်လုပ်ငန်းမှာ ဘီးလေးဘီးလုံး
အဆင်ပြေပြီလား။
ကားမောင်ရင်တော့ ကားအကြောင်း
အနည်းနဲ့အများ တီးမိခေါက်မိရှိရတယ်။
စီးပွားရေး ကားမောင်းပြီး
လမ်းတစ်ဝက်မှာ ဘီးပေါက်
အကူရှာမရ မဖြစ်အောင်
စီးပွားရေး ကားအကြောင်းသိထားဖို့လိုသလို
ပျက်ရင်လဲ အဖြေရှာတတ်တဲ့
ပညာလေးတော့ သင်ထားဖို့လိုတယ်လို့ထင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay