Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းတစ်ခုကို ဦးဆောင်ရတယ်ဆိုတာ
မလွယ်ကူပါဘူး။

တခါက Donald Trump က သူ့ Trump Tower က
ထွက်လာတဲ့အခါ အိမ်ယာမဲ့တစ်ဥဦးကိုလက်ညိုးထိုးပြပြီး
သူကခုချိန်မှာ ငါ့ထက်
သန်း ၉၀၀ ပိုချမ်းသာတယ်လို့ဆိုတယ်။
၁၉၉၀ တုန်းကဖြစ်တယ်။
အဲ့အချိန်မှာ Donald Trump က ဒေဝါလီခံလုနီးနီးဖြစ်ပြီး
သန်း ၉၀၀ ကျော်အကြွေးတွေနဲ့ ဝိုင်းနေခဲ့တယ်။

ဒါပေမယ့် သူအမြဲပြောတဲ့ Think Big ဆိုတဲ့
စကားအတိုင်း သူအကြောက်တရား၊
တွေဝေဒွိဟ၊ အားငယ်စိတ် ကိုဖယ်ပြီး
စူးစိတ်မှုအပြည်နဲ့ ပြန်ကြိုးစားတယ်။
ကျန်တဲ့သမိုင်းကြောင်းကတော့ အားလုံးသိတဲ့အတိုင်း
အမေရိကန် သမ္မတထိဖြစ်ခဲ့တယ်။

လုပ်ငန်းတစ်ခုကို ဦးဆောင်ရတယ်ဆိုတာ
မလွယ်ကူပါဘူး။
အထူးသဖြင့် ကျွန်တော်တို့လို နိုင်ငံမှာပါ။
ဒီလို မလွန်ကူတဲ့နေရာမှာ ဒူပေဒဏ်ပေခံပြီး
ဒီနေ့ထိရှင်သန်ကြီးထွားလာနိုင်တာ
ကိုယ့်ရဲ့ အကြံဥာဏ်၊ အားထုတ်မှုနဲ့ ဦးဆောင်မှု
ကြောင့်ဖြစ်ပါတယ်။

လူတိုင်းဘဝမှာ ဂုဏ်ယူစရာအချိန်တွေရှိပါတယ်။
ကိုယ့်ဘဝရဲ့ ဂုဏ်ယူစရာအချိန်တွေကိုစဥ်းစားကြည့်ပါ။
ဘယ်လောက်ကြည်နူးစရာကောင်းလဲ။

အလားတူပဲ ကိုယ့်ဘဝမှာ အခက်အခဲတွေကြုံပြီး
စိတ်ညစ်ဖူးတဲ့အချိန်ကို ပြန်စဥ်းစားကြည့်ပါ။
နောက်ပြီး ဒီ အခက်အခဲကို ကျော်လွှားနိုင်ခဲ့တာကို
ပြန်လည်စဥ်းစားကြည့်ပါ။

ကျွန်တော်တို့တွေ ဘယ်လောက်ကြီးမားတဲ့အခက်အခဲပဲ
ဖြစ်ဖြစ် ကျော်လွှားနိုင်ခဲ့ကြတာပဲ မဟုတ်လား။

စီးပွားရေးလုပ်တိုင်ဆိုတာ စိတ်ထားတတ်ရင်
နေ့တိုင်းကုသိုလ်လုပ်နေတာပါပဲလို့
ပညာရှင်တစ်ဦးက ဆိုဖူးတယ်။

ကျွန်တော်တို့နောက်မှာ မိသားစုတွေ၊
ဝန်ထမ်းတွေအပြင်၊ အိမ်မက်တွေအတွက်
အတွေးအခေါ်ကြီးကြီးထားပြီး
သူအကြောက်တရား၊
တွေဝေဒွိဟ၊ အားငယ်စိတ် ကိုဖယ်ပြီး
စူးစိတ်မှုအပြည်နဲ့ ပြန်ကြိုးစားကြမယ်။
#Akyanpay

Share Your Idea!​