System ဆိုတာ လုပ်ငန်းတစ်ခုဟာ ကိုယ်ရှိရှိ၊ မရှိရှိ လည်ပတ်နေနိုင်ပြီး လူသားအရင်းအမြစ်ကို အလွယ်တကူအစားထိုးနိုင်အောင် ကူညီပေးတဲ့ စနစ် ဖြစ်ပါတယ်။
“Product will make you money. System will make you a fortune” ဆိုတဲ့ စကားတစ်ခုရှိပါတယ်။
ကုန်ပစ္စည်းတွေကို ရောင်းချခြင်းဟာ ငွေရနေစေပေမယ့် ချမ်းသာဖို့အတွက်ကတော့ စနစ်တစ်ခုလိုအပ်ပါတယ်။
ဒီတော့ စနစ်ကျဖို့ အဆင့် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။
1. Vision
1911 ခုနှစ်ကစလို့ Tom Watson ဟာ IBM (International Business Machine) ကိုစတင်တည်ထောင်တဲ့အချိန်တည်းကစပြီး Vision တစ်ခုကို ချရေးခဲ့ပါတယ်။
ဒီ Vision မှာ သူ့ Company သာတည်ဆောက်လို့ပြီးသွားတဲ့အခါ ဖြစ်ပေါ်လာမည့် ပုံရိပ်၊ ဝန်ထမ်းတွေရဲ့ပုံစံ၊ Company ရဲ့ လည်ပတ်နေမယ့်ပုံစံတွေ ပါဝင်ပါတယ်။
နောက်တစ်ခုကတော့ Microsoft နဲ့ Google ရဲ့ Vision နဲ့ Mission ပါ။
Microsoft ရဲ့ “အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပျူတာတစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Micrsoft Windows OS တပ်ဆင်ထားရမယ်” ဆိုတဲ့ Vision ဟာ ကမ္ဘာကျော်ပါတယ်။
“ကမ္ဘာ့သတင်းအချက်အလက်တွေကို လူသားတွေကို အခမဲ့ရရှိအောင် ဆောင်ရွက်ပေးဖို့” သည် Google ရဲ့ Mission ဖြစ်ပါတယ်။
Mission ဆိုတာကတော့ မြန်မာလို သမိုင်းပေးတာဝန်လို့အဓိပ္ပာယ်ရပြီး “the reason for existence” ကုမ္ပဏီအနေနဲ့ ဘာ့ကြောင့်ရပ်တည်နေလဲ ဆိုတာကို Mission လို့ခေါ်ပါတယ်။
2. Core Values
ကလေးလေးတွေ ကျောင်းသွားတဲ့အခါ အိမ်မှာ အပြုအမူတစ်မျိုး၊ ကျောင်းထဲဝင်သွားတဲ့အခါ တစ်မျိုး ဖြစ်သွားတာကို တွေ့ဖူးကြမှာပါ။ ဒါကို Culture လို့ခေါ်ပါတယ်။
Company တစ်ခုမှာ ဒီလို Culture တစ်ခုဖြစ်ဖို့အရေးအကြီးဆုံးအပိုင်းကတော့ Core Values ဖြစ်ပါတယ်။ “တန်ဖိုးထားမှုများ” လို့ အမည်ရပါတယ်။
ကမ္ဘာကျော် Company တစ်ခုဖြစ်တဲ့ Zappos ဟာဆိုရင် သူ့အနေနဲ့ customer service မှာ ကမ္ဘာကျော်ရခြင်းဟာ Core Values ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
3. Written Organizational Structure
လုပ်ငန်းတစ်ခုမှာ သတ်မှာထားတဲ့ Organizational Structure ဖွဲ့စည်းပုံရှိရသလို ချရေးထားဖို့လည်းလိုပါတယ်။
Organizational Structure ရေးရတဲ့ရည်ရွယ်ချက်ကတော့ ဘယ်သူ့ကို ဘယ်အလုပ်တာဝန်ပေးရမလဲဆိုတာ သတ်မှတ်ဖို့ဖြစ်ပြီး Company ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဖြစ်ပါတယ်။
4. Written SOP (Standard, Operation & Procedure)
လုပ်ငန်းရှင်အများစုဟာ ဝန်ထမ်းတွေ အလုပ်မလုပ်ရင် မကြိုက်ကြပါဘူး။ အမှန်တော့ တံခါးစောင့်တစ်ယောက်ဟာ လာသူမရှိလို့ ဒီအတိုင်းရပ်နေတာ အလုပ်လုပ်နေတာပါပဲ။ ဒါကိုနားလည်ဖို့ လိုပါတယ်။
Standard ဆိုတာကတော့ ဘယ်လို အရည်အသွေးနဲ့ Operation ဘယ်လိုပုံစံကို Procedure ဘယ်လိုအဆင့်တွေနဲ့သွားရမလည်းဆိုတာ ဖြစ်ပါတယ်။
ဥပမာ အရောင်းသမားတစ်ယောက်ဟာ ဘယ်လိုအသွင်အပြင်ရှိရမယ်။ တစ်ရက်ကို ဆိုင်ဘယ်နှစ်ဆိုင်နဲ့ တွေ့ရမယ်။ Monthly Plan, Weekly Plan တွေ ဘယ်လိုပို့ရမယ်ဆိုတာကို အသေးစိတ်သတ်မှတ်ထားတာမျိုးဖြစ်ပါတယ်။
ဒါတွေလုပ်ဆောင်ဖို့အဆင့်ငါးဆင့် လိုပါတယ်။
၁။ Position agreement (ရာထူး)
၂။ Result (ရလဒ်)
၃။ Tasks (တာဝန်)
၄။ Standard (သတ်မှတ်ပုံစံ)
၅။ Sign (လက်မှတ်ထိုးထားရပါမယ်)
5. Regular Meeting
ကိုယ့် Team နဲ့ ပုံမှန် meeting ထိုင်ဖို့လိုပါတယ်။ လုပ်ငန်းရှင်အများစုဟာ meeting ထိုင်တဲ့အခါ တခြားအကြောင်းတွေနဲ့ ဝေ့ဝိုက်သွားတာတွေ့ရပါတယ်။ ဒါကြောင့် Meeting တစ်ခုမစခင်မှာ meeting objective သတ်မှတ်ထားပြီး မစခင် Briefing ပေးရပါမယ်။ Meeting တစ်ခုပြီးတိုင်းမှာ action plan ထွက်ရပါမယ်။ မလာနိုင်တဲ့သူတွေကို meeting minutes ပို့ပေးရပါမယ်။
6. KPI & Performance Appraisal
ဝန်ထမ်းတွေရဲ့အရည်အသွေးကို ပြန်လည်တိုင်းတာဖို့လိုပါတယ်။ တိုင်းတာလို့မရတဲ့အရာကို စီမံခန့်ခွဲလို့မရပါဘူး။ ဒါ့ကြောင့် ဝန်ထမ်းတိုင်းအတွက် KPI (Key Performance Indicators) လိုပါတယ်။ နှစ်တိုင်းနှစ်တိုင်းမှာ ဝန်ထမ်းတွေနဲ့ Performance Appraisal ထိုင်ရပါမယ်။
7. System update
Meeting တစ်ခုပြီးတိုင်းမှာ ကြုံတွေ့နေရတဲ့ပြဿနာ နဲ့ အကောင်းဆုံးအဖြေတွေကို ရေးထားတဲ့ SOP manual စာအုပ်တစ်အုပ်လိုပါတယ်။ အမြဲ စာအုပ်ထဲမှာ update သွားလုပ်ရပါမယ်။
8. Welcome Orientation & Training
လုပ်ငန်းအများစုဟာ ဒီနေ့ အလုပ်စခန့်တာနဲ့အလုပ်စခိုင်းဖို့ စဉ်းစားပါတယ်။ တကယ်တော့ အလုပ်စဝင်တဲ့အခါ company ရဲ့ လိုက်နာရမယ့်စည်းကမ်းနဲ့ လုပ်ငန်းဆောင်တာတွေကို ရှင်းပြဖို့လိုသလို၊ Training ပေးဖို့လည်းလိုပါတယ်။
မိတ်ဆွေရဲ့လုပ်ငန်းမှာရော System တစ်ခုရှိနေပြီလား ?
AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay