စားသောက်ဆိုင်က ဖောက်သည်
ဗိုက်ဆာတဲ့ပြဿနာကိုဖြေရှင်းခဲ့တယ်။
နောက်ပိုင်း အရသာ။
နောက်ပိုင်း လိုချင်တဲ့ ခံစားမှုတွေကို
ပေးဖို့ လုပ်ငန်းတွေဖြစ်လာတယ်။
ကိုယ့်လုပ်ငန်းက ဘယ်ပြဿနာကို
ဖြေရှင်းတယ်ဆိုတာ သေချာသိဖို့လိုတယ်။
ဒါကို problem-market fit အဆင့်လို့ခေါ်တယ်။
ဥပမာ McDonald ဆို မြန်မြန်စားလို့ရတဲ့
ပြဿနာကို ဖြေရှင်းတာဖြစ်တယ်။
Fast food 🥘 ဆိုပါတော့။
နောက်တစ်ဆင့်ကတော့ ဒီ ပြဿနာကို
ဖြေရှင်းဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု
ထုတ်ရတဲ့အဆင့်ဖြစ်တယ်။
စျေးကွက်နဲ့ ကုန်ပစ္စည်းကွက်တိကိုက်ဖို့
Product-Market Fit အဆင့်ဆိုပါတော့။
တချို့ဆီဆိုင်တွေတို့ကို ကြည့်ရင်
ဆီဆိုင်ဆိုတာထက် ပိုပြီး
Convenience store တွေ၊
စားသောက်ဆိုင်တွေနဲ့ integrate
လုပ်လာတာတွေ့လိမ့်မယ်။
ဒါမျိုးနောက်တစ်ဆင့်ကို
Platform-Market fit လို့ခေါ်တယ်။
လုပ်ငန်းစချင်ရင် Problem-Market Fit
ဖြစ်အောင်လုပ်ဖို့လိုတယ်။
လုပ်ငန်းတကယ်စပြီ ကြီးဖို့ဆို
Product-Market Fit လိုတယ်။
နောက်တစ်ဆင့်တက်ဖို့
Platform-Market Fit လိုတယ်။
ကျွန်တော်စဉ်းစားတာကတော့
အင်တာနက်မရှိရင် လူတွေ
နေနိုင်မှာ မဟုတ်တဲ့အတွက်
မြန်မာပြည်မှာကတော့
အင်တာနက်ဆက်ပြီးရှိနေအုံးမယ်။
Digital Product တွေ ရပ်တည်လို့
ရနေအုံးမယ်။
ဒါကတော့ ကျွန်တော့် assumption ပါ။
Phyo Paing @ Derek