လုပ်ငန်းတွေရဲ့ အားသာချက်မတူကြဘူး။
တချို့လုပ်ငန်းတွေအတွက်က
တီထွင်ဆန်းသစ်မှု။
တချို့လုပ်ငန်းတွေအတွက်က
ဖောက်သည်နဲ့ရင်းနှီးမှု။
တချို့လုပ်ငန်းတွေကျတော့
supplier အဆက်အသွယ်။
တချို့လုပ်ငန်းတွေအတွက်က
distribution ပိုင်းအားသာတာ။
တချို့လုပ်ငန်းတွေက လူစိတ်ဝင်စားအောင်
လုပ်တတ်တာ။
တချို့လုပ်ငန်းတွေ အတွက်က
ရင်းနှီးမြုပ်နှံငွေ ပိုရှိတာ။
တချို့လုပ်ငန်းတွေအတွက်က
ဝန်ထမ်းကောင်းတွေကို ရှာဖွေခန့်ထား
ပြုစုပျိုးထောင်ပေးတဲ့ စနစ်ရှိတာ။
တစ်ခုထက်လဲ ပိုနိုင်သလို
အကုန်လုံးရှိနေတဲ့ လုပ်ငန်းလဲဖြစ်နေနိုင်တယ်။
ဒီအားသာချက်တွေရှိနေပေမယ့်လဲ
အောင်မြင်မယ်လို့ အာမ မခံနိုင်ဘူး။
ဘာကြောင့်လဲဆိုရင် လူတစ်ယောက်ကြောင့်ဖြစ်တယ်။
အဲ့လူက ဘယ်သူဖြစ်မယ်ထင်သလဲ?
#AkyanPay