Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လုပ်ငန်းရှင်တွေအတွက် မှန်းဆရ
မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအတွက် မှန်းဆရ
မလွယ်ကူတဲ့အချိန်ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုကို “စီမံခန့်ခွဲ” “ဦးဆောင်” “လည်ပတ်”ဖို့
အိမ်စာလုပ်ထားမှ တော်ကာကျပါတယ်။

လုပ်ငန်းရှင်တိုင်းမဖြစ်မနေလုပ်ရတဲ့အိမ်စာကတော့
စီမံခန့်ခွဲ၊ ဦးဆောင်၊ လည်ပတ်တဲ့အပိုင်းဖြစ်ပါတယ်။

စီမံတာကို Manager (မန်နေဂျာ) က လုပ်ပါတယ်။
ဦးဆောင်တာကို Owner (လုပ်ငန်းရှင်) က လုပ်ပါတယ်။
လည်ပတ်တာကို Staffs (ဝန်ထမ်းတွေ) က လုပ်ပါတယ်။

ဒီလိုလုပ်ဆောင်ဖို့ လုပ်ငန်းရှင်ဟာ
“ကိုယ့်နေရာကိုယ်သိ”၊ “ကိုယ့်အလုပ်ကိုယ်လုပ်”၊
“ကိုယ့်တာဝန် ကိုယ်ကျေ” ဖို့လိုအပ်ပါတယ်။

လည်ပတ်မှုအပိုင်းမှာ
အမှတ်တံဆိပ်တည်ဆောက်တာ Branding
ဖောက်သည်ရှာတာ Marketing
ရောင်းတာ Sale
ဝယ်ပြီးဖောက်သည်ပြန်လာဖို့ Customer service
စာရင်းအင်း Accounting & Finance
ကုန်ပစ္စည်းထိန်းချုပ်မှု Inventory Control
အစရှိတဲ့အပိုင်းတွေကို operation အပိုင်းလို့ခေါ်ပါတယ်။

ဒီအပိုင်းတွေကို အလေအလွင့်နည်းနည်း၊
စည်းစနစ်တကျ “လူနဲ့စနစ်” အသုံးပြုပြီး
“ရည်မှန်းချက်ပန်းတိုင်” ရောက်အောင် လုပ်ဆောင်တာကို
Management လို့ခေါ်ပါတယ်။

လုပ်ငန်းရဲ့ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း၊
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်၊
စျေးကွက်အပြောင်းအလဲ၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ ဥပဒေ၊
ငွေကြေးအပြောင်းအလဲ အစရှိတဲ့ အခြေအနေတွေကို
ဆန်းစစ်သုံးသပ်ခြင်း ကို လုပ်ငန်းရှင်က လုပ်ရပါတယ်။
Strategic Planning လို့ခေါ်ပါတယ်။

ဒီလို ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ဖို့
လုပ်ငန်းကို စနစ်ချဖို့လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့
လုပ်ငန်းရှင်ဟာ အိမ်စာလုပ်ဖို့လိုပါတယ်။

Akyanpay.com ကတော့ လုပ်ငန်းရှင်တွေနဲ့
သူတို့ရဲ့ manager တွေ plan ချမှတ်လို့ရအောင်
တည်ဆောက်ပေးထားတဲ့ မဟာဗျူဟာချမှတ်တဲ့
website တစ်ခုဖြစ်ပါတယ်။

#Akyanpay

Share Your Idea!​