ကိုယ်တိုင်လုပ်ရင် ၁၅ မိနစ်လောက်နဲ့ပြီးနိုင်တာသိတယ်။
ဒါပေမယ့် တခြားသူတွေလုပ်တတ်အောင်
၂ ရက် ၃ ရက်လောက် အချိန်ပေးရတယ်ဆိုတာ
တချိန်သူတို့ကို delegation တာဝန်လွဲလို့ရအောင်ပါ။
ဘယ်အလုပ်မဆို learning curve ဆိုတာရှိတယ်။
လုပ်ငန်းရှင်တွေအနေနဲ့ အရာရာကို ကိုယ်တိုင်လုပ်မှ
စိတ်ကျေနပ်တဲ့ အကျင့်ဖယ်ဖို့လိုတယ်။
မှားပါစေ။ မဆဲနဲ့။ သူတို့ လေ့လာသင်ယူနေတာကို
စိတ်ရှည်ရှည်ထားဖို့တော့ လိုတယ်။
Phyo Paing @ Derek