ငယ်ငယ်က အိမ်မှာ သုံးမရတဲ့ငွေတွေတွေ့တယ်။ အဖွားမေးကြည့်တော့ အနှစ်နှစ်အလလရှာထားတဲ့ငွေက တစ်မနက်မှာ သုံးမရတော့ဘူးလို့ပြောတယ်။
ရန်သူမျိုးငါးပါးဆိုတာရှိတယ်ကိုး။
မနေ့က Facebook အနေနဲ့ Independent organization ဖြစ်တဲ့ Libra နဲ့ Calibra အကြောင်းပြောတယ်။
Libra က blockchain ပေါ်အခြေခံတဲ့ currency တစ်ခုဖြစ်လာပြီး ဒေါ်လာ၊ ယွမ်နဲ့ local currency တွေကို ပြန်လည် exchange လုပ်နိုင်မယ်။ Calibra ကတော့ Libra ကိုပို့ပေးနိုင်မည့် Digital wallet ဖြစ်မယ်။
Internet ဟာ လူမှုဘဝနဲ့ ပညာသင်ယူရေးမှာ first world နဲ့ third world ကွာဟချက်ကို ဆွဲငြိပေးသလို Crytocurrency ဟာလည်း အပြောင်းအလဲကြီးတစ်ခုယူဆောင်လာတော့မယ်။
မေးစရာရှိတာတစ်ခုက digital economy မှာ digital products တွေက သင့်ကိုငွေရှာပေးနေပြီလား?
2014 မှာ မြန်မာပြည်မှာလူတိုင်း Internet သုံးလာနိုင်တော့ ဒီ wave ကြောင့် အသုံးချနိုင်တဲ့လူငယ်တွေနေရာတော်တော်ရလာကြတယ်။
Micro-wave တွေအနေနဲ့ကတော့ Facebook live တို့၊ video marketing တို့က Wave အကြီးထဲက wave လေးတွေပေါ့။
ဘယ်လောက်ကြိုးစားစား Wave ပေါ်မရောက်ရင် အောင်မြင်မှုနှုန်းနှေးမယ်။ ခုချိန်မှာ ဖုန်းဆိုင်ဖွင့်ပြီး 2019 မှာ Motivational Speaker လုပ်သလိုဖြစ်သွားမယ်။
Timing အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်လည်း စီးပွားရေးစီမံခန့်ခွဲမှုမှာ Macro-environment Analysis ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဥပဒေအပြောင်းအလဲတွေကို Environmental scanning လုပ် assumption တွေထုတ်ပြီး ပြင်ဆင်တယ်ဆိုတာ အလကားမှ မဟုတ်တာ။
အရင်လို မာလာဟင်း လူအများစု အီသွားပြီ။ အကင်လည်းအလားတူပဲ။ ပေါ်ကီမွန်းလည်း လမ်းပေါ်ထွက်မဖမ်းတော့ဘူး။ အိမ်နဲ့လည်း ထမင်းလက်ဆုံစားဖို့ဆိုတာ အမြဲဖြစ်နိုင်ဖို့ မသေချာတော့ဘူး။ Gangster Rap တွေခေတ်တုံးသွားပြီ။
အရာရာပြောင်းလဲသွားပြီ။ မေးခွန်းက ဖြစ်ပေါ်လာမည့် Society 5.0 အတွက် အဆင်သင့်ဖြစ်ပြီလား? IOT နဲ့ Marketing ဆိုတာ မဝေးတော့ဘူး။
လုပ်နေကျအတိုင်းဆို ဖြစ်နေကျအတိုင်းပဲဆက်ဖြစ်နေမယ်။
Robert T.Kyiyosaki ရဲ့အကြိုက်ဆုံးစကားတစ်ခုရှိတယ်။
Money is an _________________ တဲ့။ (Idea)
Phyo Paing @ Derek