Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူဆိုတာ စနစ်တစ်ခုပဲ။

ဒီစနစ်တွေ သေချာလည်ပတ်မှ
ခန္ဓာကိုယ် ဂေဟစနစ် ကောင်းမယ်။

အစားအသောက်၊ အတွေးအခေါ်၊
အမူအကျင့်နဲ့ အသက်အရွယ်
အပြောင်းအလဲက ဒီစနစ်အပေါ်
လွမ်းမိုးမှုရှိတယ်။

ဒီစနစ်ကြီးက အသက်အရွယ်တစ်ခု
ရောက်လာလေလေ ယိုယွင်းလာလေလေပဲ။
ဒီ ယိုယွင်းမှု aging process ကို
စောစောကာကွယ်ထားမှ
ယိုယွင်းတာ နှေးသွားမယ်။

နှစ်ပေါင်း ၈၀ နေရရင်
ရက်ပေါင်း ၂၉၂၀၀ နေရမယ်။
အသက် ၃၃ နှစ်ဆိုရင်
ရက်ပေါင်း ၁၂၀၄၅ နေပြီးပြီ။

ဘဝဆိုတာ တိုတိုလေးပဲ။
တစ်နှစ်ဆိုတာ ဖင်လှည့်ခေါင်းလှည့်နဲ့
ဘယ်လို ကုန်သွားမှန်းမသိတတ်ဘူး။

ကိုယ့် ခန္ဓာကိုယ် ဂေဟစနစ်ကို
ပျက်စီးစေတဲ့အရာ
ဘယ်အရာကိုမှ မလုပ်မိဖို့
သတိနဲ့ နေတာ ရက်ပေါင်း
၃၁၇ ရက်ရှိပြီ။

Phyo Paing @ Derek

Share Your Idea!​