ကမ္ဘာ့ဘိတ်ချီးဖြစ်နေပေမယ့်
ဒုက္ခရောက်နေရင် မနေနိုင်ပဲ
ဝိုင်းကူကြတဲ့ လူ့အဖွဲ့အစည်းမှာ
လူဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်။
အခက်အခဲတွေ ဘယ်လောက်များလဲ
သဒ္ဒါတရားမပျက်ခဲ့တဲ့
လူမှုအဖွဲ့အစည်းမှာနေထိုင်ရတာ
ဂုဏ်ယူတယ်။
ကိုယ့်ကို လူမဆန်အောင်ဘယ်လောက်
နှိပ်စက်သွားသွား ခွင့်လွတ်နိုင်စွမ်းရှိတဲ့
လူ့အဖွဲ့အစည်းမှာ နေထိုင်ရတာ
ဂုဏ်ယူတယ်။
စက်ရုပ်လိုမဟုတ်
ခံစားမှုအပြုံးတွေနဲ့
လူသားစစ်စစ် အဖြစ် ရှင်သန်နေတဲ့
လူ့အဖွဲ့အစည်းမှာနေရတာဂုဏ်ယူတယ်။
ကိုယ့်ကိုကိုယ် လေးစားမှုစိတ်ထားပြီး
မတရားမှုကို လက်မခံပဲ
ပုံမှန် normalize မဖြစ်သွားတဲ့ လူ့အဖွဲ့အစည်းမှာ
လူဖြစ်ခွင့်ရတာ ဂုဏ်ယူစရာတစ်ခု
ဖြစ်ကောင်းဖြစ်နိုင်တယ်။
ယုံကြည်ချက်ကြောင့် အသက်ပေးရဲတဲ့
လူငယ်တွေရှိနေသေးတဲ့ လူမှုအဖွဲ့အစည်းမှာ
ရှင်သန်ခွင့်ရတာ ဂုဏ်ယူစရာဖြစ်ကောင်းဖြစ်နိုင်တယ်။
လူတစ်စုကို ကြည့်ပြီး ဝါးလုံးနဲ့ပတ်
လူတိုင်းမကောင်းဘူးလို့ ရမ်းမိတဲ့
အချိန်တွေ လူတိုင်းမှာရှိကောင်းရှိနိုင်တယ်။
လူတစ်စုဟာ လူတိုင်းကို ကိုယ်စားပြုချင်မှပြုမယ်။
Phyo Paing @ Derek