ကျွန်တော်တို့ တက်လမ်းကို
ပိတ်ထားတဲ့အရာ သုံးခုရှိတယ်။
၁။ အိုင်ဒီယာ
၂။ ကျွမ်းကျင်မှု
၃။ အချိတ်အဆက်
ဒီ idea, skill နဲ့ network က
လူတစ်ယောက်ရဲ့ဘဝကို
အကြီးအကျယ်ပြောင်းလဲသွားစေနိုင်တယ်။
ဒါကြောင့် နေ့တိုင်း idea သစ်တွေရအောင်
စာဖတ်တယ်။
လစဥ် ခရီးသွားတယ်။
လေ့လာတယ်။
မသိတဲ့သူတွေနဲ့ စကားပြောကြည့်တယ်။
ကျွမ်းကျင်မှုရှိနေဖို့
ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို
တစ်ပတ်ကို ငါးရက်တော့အနည်းဆုံးလုပ်သလို
နေ့တိုင်းလဲ အချိန်ပေးပြီးဖြည့်တယ်။
ပြင်ဆင်တယ်။
အချိတ်အဆက် network ကတော့
ကိုယ်ချိတ်ဆက်ချင်တဲ့သူတွေကို
ဘယ်လိုကူညီနိုင်မလဲ အရင်စဥ်းစားကြည့်တယ်။
ကြိုတင်ပြင်ဆင်ထားလိုက်တယ်။
Phyo Paing @ Derek