အရမ်းတော်တဲ့ဝန်ထမ်းတစ်ယောက်
ခပ်ညံ့ညံ့လုပ်ငန်းရှင်ဆီရောက်ရင်
ကြာကြာခံမှာမဟုတ်ဘူး။
အရမ်းတော်တဲ့အမျိုးသား၊
အမျိုးသမီးတစ်ယောက်
ခပ်ခြာခြာပါတနာနဲ့နေတာများလာတဲ့အခါ
ခြေကျင်းကြိုးနဲ့ ဒရွတ်တိုက်သွားနေရသလို
ရှေ့ရောက်သင့်သလောက်မရောက်
မောပန်းနေမှာပဲ။
အရမ်းစွမ်းတဲ့ အေအိုင်
မတွေးတတ်တဲ့ ငတုံးနဲ့တွေ့တဲ့အခါ
ငတုံးလိုဘဲ ဖြစ်နေမှာပဲ။
လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲ
ရတတ်ကြတယ်။
ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေက
ပိုကောင်းလာလေလေ
ကိုယ့်ကိုကိုယ် ပိုကောင်းအောင်လုပ်လာရလေပဲ။
Phyo Paing @ Derek