လူတိုင်းက ကိုယ့်ကိုကိုယ်
လူကောင်းနဲ့ လူဆိုးကြားမှာ
၁ ကနေ ၁၀ ထိအမှတ်ပေးရမယ်ဆိုရင်
၆ တို့၊ ၇ လောက်ကောင်းတယ်လို့
အများစု ထင်တတ်ကြတယ်။
၁၀ လောက်ကြီးလဲမဖြူစင်ဘူး။
၁ လောက်ကြီးလဲ မယုတ်မာဘူး။
၅ လောက်လဲ မဟုတ်သလို
၆၊ ၇၊ ၈ လောက် အမှတ်ပေးတတ်ကြတယ်။
လူတိုင်းကအဲ့လိုပဲ။
လူတိုင်းလဲ မဖြူစင်ကြသလို
လူတိုင်းလဲ မယုတ်မာကြဘူး။
လူတွေက လူတွေပဲဖြစ်တဲ့အတွက်
လူ့လောကမှာ ဖြတ်သန်းတဲ့အခါ
လူကြောနပ်ဖို့တော့ လိုတယ်။
Phyo Paing @ Derek