Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတိုင်း သင့်ကိုသဘောကျမှာမဟုတ်ဘူး။

Steve Jobs ကိုတောင် engineer တစ်ယောက်က
ခင်ဗျားက ကုန်ပစ္စည်းတည်ဆောက်မှု
Engineering ပိုင်းမပါပဲ အလကား
နာမည်ကြီးနေတယ်ဆိုတဲ့ သဘောနဲ့
ပွဲတစ်ခုမှာ ပြောဖူးတယ်။

Steve Jobs က လဲကုန်ပစ္စည်းထုတ်တယ်ဆိုတာထက်
လူတွေ သန်းပေါင်းများစွာရဲ့ ပြဿနာကိုဖြေရှင်းပြီး
Billion ပေါင်းများစွာ ဝင်ငွေရှိအောင်လုပ်တာ
ဖောက်သည်တွေရဲ့ ပြဿနာကိုဖြေရှင်းဖို့
မလွယ်တဲ့အကြောင်း ဒါက engineering တစ်ခုထက်
ပိုအရေးကြီးအကြောင်းဖြေသွားတယ်။

မေးတဲ့လူကြီးမင်းက သိပ်သဘောတွေ့ပုံမရဘူး။
ပြောချင်တာ ကဗျာဆရာတွေက စီးပွားရေးသမားကို
အားကျမှာ မဟုတ်ဘူး။
စီးပွားရေးသမားတွေကလဲ အနုပညာရှင်တွေကို
အားကျချင်မှ အားကျလိမ့်မယ်။
လူတိုင်းက သူ့အတွေးနယ်ပယ်ထဲမှာ
ကန့်သတ်ထားတဲ့ နယ်မြေလေးတွေရှိကြတယ်။

လူတိုင်းကိုယ့်ကို သဘောကျမှာ မဟုတ်ဘူး။
ဒါကြောင့် core audience ရွေးတဲ့အခါ
ပထမဆုံး ၁၀၀၀ true fans ကို အရင်ရွေးရတယ်။

Phyo Paing @ Derek

Share Your Idea!​