လူတွေကို နားလည်ပေးဖို့လိုတယ်။
လူတိုင်းမှာ Insecurities
အနည်းနဲ့အများရှိတယ်။
ဟာသတွေလုပ်တတ်တဲ့သူက
သူ့ဘဝမှာ ဝမ်းနည်းမှုတွေကို ဟာသတွေနဲ့
မျက်နှာဖုံးအုပ်ထားတာဖြစ်နိုင်တယ်။
တခြားသူတွေကို အပြစ်ပြောတဲ့သူအနေနဲ့
လူတွေ သူ့ရဲ့အားနည်းချက်မသိစေချင်တာ
ဖြစ်ကောင်းဖြစ်နိုင်တယ်။
ကြွားတတ်တဲ့သူက အသိအမှတ်ပြုမှုကို
ဆာလောင်နေတာဖြစ်နိုင်တယ်။
အပြုံးတွေနဲ့ လူတိုင်းကိုဆက်ဆံသူတစ်ယောက်မှာ အံကြိတ်ထားတဲ့ ခါးသီးမှုတွေရှိနေနိုင်တယ်။
လူတိုင်းသူ့အပူနဲ့သူပဲ။
လူတွေကို နားလည်ပေးဖို့လိုတယ်။
Phyo Paing @ Derek