လူတိုင်းက တစ်ရက်တစ်ရက်
အတွေးပေါင်းများစွာတွေးနေတယ်။
အတွေးပေါင်း တစ်သောင်းခြောက်ထောင်
ကြားဖူးလိမ့်မယ်။
ဒီအတွေးတွေက “အား” မဖြစ်စေရင်၊
ဘဝကို အရသာ “ခါး” စေနိုင်တယ်။
တခါတလေ အလုပ်လုပ်လို့ ပင်ပန်းတာထက်
အတွေးကြောင့် ပင်ပန်းတာ ပိုများတယ်။
အတွေးကြောင့် စိတ်ထောင်း၊
စိတ်ထောင်းတော့ ကိုယ်ကြေဖြစ်တတ်တယ်။
အတွေးကို စီမံခန့်ခွဲနိုင်ဖို့
အတွေးကို supervise ကြီးကြပ်နိုင်ဖို့လိုတယ်။
အတွေးကို သင်ကြားထိန်းကြောင်း train လုပ်ပေးဖို့လိုတယ်။
အတွေးကို နေ့စဥ်ကောင်းအောင်
လေ့ကျင့် practice လုပ်ဖို့လိုတယ်။
အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။
Phyo Paing @ Derek