Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေကို မွဲစေတဲ့အရာ သုံးခုရှိတယ်။

လူတွေကို မွဲစေတဲ့အရာ သုံးခုရှိတယ်လို့
ဝါရင်းဘူဖက်က ပြောတယ်။
Ladies, Liquor နဲ့ Leverage တဲ့။

မိန်းမ၊ အရက်နဲ့ အကြွေးဆိုပါတော့။
Robert T. Kiyosaki တို့က
ချမ်းသာချင်ရင် သူအများအချိန်ကိုသုံး၊
သူများအတွေ့အကြုံကို ငှား၊
သူများငွေကို သုံးလို့ပြောခဲ့တယ်။
သူပြောတာ မှန်သင့်သလောက်မှန်တယ်။

သူများငွေကို သုံးဆိုတဲ့
Other people’s money (OPM) နဲ့
အလုပ်လုပ်တဲ့အခါ
ကမ္ဘာ့ချမ်းသာတဲ့သူအများစုကို ကြည့်ကြည့်
Personal debt နဲ့ လုပ်တဲ့သူမများဘူး။
အကုန်လုံးက အကြွေးယူရင်တောင်
business နဲ့သွားတယ်။
စာရင်းတွေကို ခွဲထားတယ်။

နောက်ပြီး ဒီလူတွေက Equity financing
လုပ်ငန်းတစ်ခုရဲ့ share တစ်ခုကိုရောင်းပြီး
Fund-raising လုပ်နိုင်စွမ်းရှိတယ်။

ဘဝမှာ စဥ်းစားမိတာ…
လုပ်ငန်းစလုပ်မယ်ဆို အကြွေးယူပြီးမလုပ်နဲ့။
တိုင်ပတ်ဖို့ ရာခိုင်နှုန်းများတယ်။
စီးပွားရေးကောင်းနေရင် သတိထား။
သုံးဖြုန်း ပျော်ပါးတာမျိုးလုပ်တာထက်
အနာဂတ်မှာ အမြတ်ပြန်ရနိုင်မည့်အရာမျိုးမှာ
ရင်းနှီးမြုပ်နှံမှုပြန်လုပ်။
ပေးရန်ရှိ ရရန်ရှိကို စနစ်တကျလုပ်။
Working Capital Ratio လောက်တော့လုပ်။
တစ်နှစ်အတွင်းရရန်ရှိနဲ့
ပေးရန်ရှိ ratio ကို ဂရုစိုက်ဖို့လိုတယ်။

အနာဂတ်ကို လျော့မတွက်နဲ့။
မြေ၊ ငွေ ကစားတာက မြတ်တာတွေများပြီး
နောက်ဆုံးအချီကျမှ တိုင်ပတ်ရင်
ကယ်လို့မရဘူး။
ဒါကြောင့် လောဘဆိုတဲ့အရာက
အသိဥာဏ်နဲ့ ထိန်းရတဲ့အထဲပါနိုင်တယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​