လိုချင်တာမရတဲ့အခါ၊
ရထားတာမလိုချင်တဲ့အခါ၊
မလိုချင်တာရတဲ့အခါ
ဒီခါးသီးမှုတွေကို
ဘယ်လိုတုန့်ပြန်လဲဆိုတာ
လူတစ်ယောက်ရဲ့ဘဝကို
အဆုံးအဖြတ်ပေးပါတယ်။
ဘဝဆိုတာ ဒုက္ခလို့
ဗုဒ္ဓက သစ္စာလေးပါးရဲ့
ပထမတစ်ပါးအနေနဲ့ဟောကြားခဲ့တယ်။
ဒုက္ခ ဆိုတဲ့ စကားလုံးက
ပါဠိဘာသာစကား (Pali) ကနေ
ဆင်းသက်လာတာဖြစ်ပြီး
ဒီစကားလုံးရဲ့ ဇစ်မြစ်ကို ပိုင်းခြားကြည့်ရင်
“du” – ဆိုးရွား၊ မကောင်း၊ ခက်ခဲ
“kha” – လွတ်လပ်ခြင်း၊ လေဟာပြင်
အဓိပ္ပာယ်ရပါတယ်။
လွတ်မြောက်မှု မရနိုင်သေးတဲ့
အခြေအနေ၊
ဆင်းရဲဒုက္ခနဲ့ ယှဉ်နေရတဲ့
အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။
ဒုက္ခကို အကြမ်းသုံးမျိုးခွဲလို့ရပါတယ်။
၁။ ဒုက္ခဒုက္ခ (Dukkha-dukkha)
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ
ဥပမာ – နာမကျန်းဖြစ်ခြင်း၊
ထိခိုက်ဒဏ်ရာရခြင်း၊ ဝမ်းနည်းခြင်း
ဒါကတစ်ဒုက္ခ။
၂။ ဝိပရိဏာမဒုက်ခ (Viparinama-dukkha)
ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ
ဥပမာ – ချစ်ခင်သူနဲ့ ကွဲကွာရခြင်း၊
ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်း
ပျော်ရွှင်မှုတွေ၊ ကောင်းမွန်တဲ့အရာတွေ
ပြောင်းလဲပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ
၃။ သင်္ခါရဒုက္ခ (Sankhara-dukkha)
သင်္ခါရတရားတွေရဲ့ မတည်မြဲမှုကြောင့်
ဖြစ်ပေါ်လာတဲ့ ဒုက္ခ
လူသားတွေရဲ့ မကျေနပ်မှု၊
စိုးရိမ်ပူပန်မှု၊ တဏှာရမက်တွေကြောင့်
ဖြစ်ပေါ်လာတဲ့ ဒုက္ခ
အကြောင်းတရားတွေ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ ဒုက္ခဖြစ်ပါတယ်။
ဒါကို အကျယ် ၁၂ ပါးကို
ဥပမာနဲ့ ရှင်းပြရမယ်ဆို
ဒုက္ခ ၁၂ ပါးကို လက်တွေ့ဥပမာတွေနဲ့ ရှင်းပြပေးပါမယ်:
၁။ ဇာတိဒုက္ခ (ဖွားမြင်ခြင်း)
ကလေးငယ်တစ်ယောက် မွေးဖွားလာတဲ့အခါ
ငိုကြွေးရင်း၊ နာကျင်စွာနဲ့ မွေးဖွားလာရခြင်း
၂။ ဇရာဒုက္ခ (အိုခြင်း)
အဘိုးတစ်ယောက် အသက်ကြီးလာတော့
အမြင်အာရုံချွတ်ယွင်းလာပြီး မျက်မှန်တပ်ရခြင်း
၃။ မရဏဒုက္ခ (သေခြင်း)
ရောဂါဖြင့် သေဆုံးနေသူတစ်ဦး
နောက်ဆုံးအချိန်မှာ အသက်ရှုရခက်နေခြင်း
၄။ သောကဒုက္ခ (စိုးရိမ်ခြင်း)
စီးပွားရေးလုပ်ငန်းရှင်တစ်ဦး
လုပ်ငန်းအရှုံးပေါ်မှာကို စိတ်ပူပန်နေရခြင်း
၅။ ပရိဒေဝဒုက္ခ (ငိုကြွေးခြင်း)
မိခင်တစ်ဦး သားသမီးဆုံးပါးသွားလို့
ငိုကြွေးမြည်တမ်းနေရခြင်း
၆။ ဒုက္ခဒုက္ခ (ကိုယ်ဆင်းရဲခြင်း)
အလုပ်သမားတစ်ဦး နေပူထဲမှာ
ပင်ပန်းကြီးစွာ အလုပ်လုပ်နေရခြင်း
၇။ ဒေါမနóဒုက္ခ (စိတ်ဆင်းရဲခြင်း)
ကျောင်းသားတစ်ဦး စာမေးပွဲကျလို့
စိတ်ဓာတ်ကျနေခြင်း
၈။ ဥပါယာသဒုက္ခ (ပူဆွေးခြင်း)
မိသားစုဝင်တစ်ဦး နာတာရှည်ရောဂါကြောင့်
စိတ်ညစ်ညူးနေရခြင်း
၉။ အပ္ပိယဿ သမ္ပယောဂဒုက္ခ
(မချစ်မနှစ်သက်သူနှင့် တွေ့ဆုံရခြင်း)
ဝန်ထမ်းတစ်ဦး မိမိမနှစ်သက်တဲ့
မန်နေဂျာနဲ့ နေ့တိုင်းအလုပ်လုပ်နေရခြင်း
၁၀။ ပိယဿ ဝိပ္ပယောဂဒုက္ခ
(ချစ်ခင်သူနှင့် ကွဲကွာရခြင်း)
သားသမီးတွေ နိုင်ငံခြားထွက်
အလုပ်လုပ်လို့ မိဘနဲ့ ခွဲခွာနေရခြင်း
၁၁။ ယမ်ပိစ်ဆံ န လဘတိ တမ်ပိဒုက်ခ
(အလိုဆန္ဒမပြည့်ဝခြင်း)
လူငယ်တစ်ဦး ကြိုးစားပေမယ့်
မိမိလိုချင်တဲ့ အလုပ်ကို မရခြင်း
၁၂။ ပဉ္စုပါဒါနက္ခန္ဓာဒုက္ခ (ခန္ဓာငါးပါး ရှိနေခြင်း)
လူသားတိုင်း ရုပ်နာမ်ခန္ဓာရှိနေသမျှ
အနာရောဂါဘေးဒဏ်ကို ခံစားနေရခြင်း
လူဖြစ်နေသမျှ ဒီဒုက္ခတွေရှိနေမှာပဲ။
ဒုက္ခတွေကို လောကီနည်းနဲ့
ကျော်လွှားလို့ရသလို၊
လောကုတ္တရာနည်းနဲ့ကျော်လွှားလို့ရပါတယ်။
လောကီနည်း (ယာယီသက်သာခြင်း):
၁။ သတိ၊ ပညာဖြင့် ရင်ဆိုင်ခြင်းမှာ
မကောင်းတာတွေကြုံရင်
“ဒါဟာ နိယာမတရားပဲ” လို့
သတိထားပြီး လက်ခံတတ်အောင် လေ့ကျင့်ခြင်း၊
ရောဂါဖြစ်ရင် ဆေးကုသခြင်း၊
ဆင်းရဲရင် ကြိုးစားအလုပ်လုပ်ခြင်း။
၂။ ကုသိုလ်တရားများ ပွားများခြင်း
ဒါန၊ သီလ၊ ဘာဝနာ ပြုလုပ်ခြင်း
စိတ်ကို ကောင်းရာဘက် ဦးတည်စေခြင်း
ကံကောင်းအောင် နေထိုင်ခြင်း
အတွေး၊ အကြံ၊ အလုပ်ကို
ကောင်းမွန်အောင်ပြုလုပ်ပြီး
ဒုက္ခကို ရှောင်ရှားဖို့၊
နည်းပါးဖို့၊
ဖြေရှင်းဖို့ ကြိုတင်စီမံခြင်း။
ဒုက္ခကို ဖြေရှင်းခြင်း။
ဒါနဲ့လုပ်လို့ရပါတယ်။
လောကုတ္တရာနည်း (အပြီးတိုင်လွတ်မြောက်ခြင်း)
အတွက်ကတော့
၁။ မဂ္ဂင်ရှစ်ပါးအတိုင်း ကျင့်ကြံခြင်း
သမ္မာဒိဋ္ဌိ (မှန်ကန်သော အယူအဆ)
သမ္မာသင်္ကပ္ပ (မှန်ကန်သော အကြံအစည်)
သမ္မာဝါစာ (မှန်ကန်သော စကားပြောဆိုမှု)
သမ္မာကမ္မန္တ (မှန်ကန်သော အပြုအမူ)
သမ္မာအာဇီဝ (မှန်ကန်သော အသက်မွေးမှု)
သမ္မာဝါယာမ (မှန်ကန်သော ကြိုးစားအားထုတ်မှု)
သမ္မာသတိ (မှန်ကန်သော သတိ)
သမ္မာသမာဓိ (မှန်ကန်သော စိတ်တည်ငြိမ်မှု)
၂။ ဝိပဿနာဘာဝနာ ပွားများခြင်း
ခန္ဓာကိုယ်နှင့် စိတ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်ခြင်း
သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်း
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဖြစ်ပါတယ်။
ဘဝမှာ လူတိုင်းဒုက္ခကြုံတွေ့ရပါတယ်။
ကိုယ်လေးစားအားကျနေတဲ့
သိန်းသိန်းသန်းချီ ဆွဲကြိုးဝတ်ထားသူလဲ
ဒုက္ခကြုံရပါတယ်။
ပျော်နေတယ်ထင်တဲ့သူတွေလဲ
ဒုက္ခကို အနည်းနဲ့အများကြုံရတတ်ပါတယ်။
ဒါကြောင့် ဒုက္ခအပေါ်မြင်တဲ့အမြင်
အလွန်အရေးကြီးတယ်လို့ထင်ပါတယ်။
ဒုက္ခကို တုန့်ပြန်ဖို့
ဒုက္ခကို သေချာနားလည်ဖို့မျှဝေပေးလိုက်ပါတယ်။
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။
Phyo Paing @ Derek