အဲလက်ဆန်းဒါး ဒဂရိတ်က
စစ်မဟာဗျူဟာပိုင်းမှာ
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အပြင်
နယ်မြေသစ်ပေါင်းများစွာကိုအောင်နိုင်တယ်။
တနေ့ နေမြေသစ်တွေကို အောင်နိုင်ပြီး
အိမ်အပြန်လမ်းမှာ နာမကျန်းဖြစ်ပြီး
သေခြင်းတရားနဲ့ ရင်ဆိုင်ရတယ်။
အဲ့အခါမှာ သူတွေ့ချင်တဲ့
သူအမေကို နောက်ဆုံးအနေနဲ့လဲမတွေ့နိုင်တော့ဘူး။
ဒါနဲ့ သူ့ဗိုလ်ချုပ်ကြီးကိုခေါ်တယ်။
ငါမသေခင် သုံးခုလုပ်ပေးကွာတဲ့။
၁။ ငါသေရင် ငါ့အလောင်းကို ဆရာဝန်ကိုယ်တိုင်ပဲ
သယ်ရမယ်။
၂။ ငါ့ကိုသဂြိုလ်တဲ့အခါ
အသုဘချတဲ့လမ်းမှာ
ငါ့ဘဝမှာ ရှာဖွေအောင်နိုင်ရရှိခဲ့တဲ့
ကျောက်သံ၊ ရွှေငွေ၊ ရတနာတွေနဲ့
ခင်းကြင်းထားရမယ်။
၃။ ငါ့လက်နှစ်ဖက်ကို အခေါင်းအပြင်ကို
ထုတ်ထားပေးတဲ့။
လူတွေကို သိစေချင်တာသုံးချက်ရှိတယ်။
ပထမတစ်ချက်က
ဘယ်လောက်ပဲအောင်မြင်အောင်မြင်
ဘယ်လို ဘုရင်ကြီးဖြစ်နေပါစေ
မင်းအသက်ကို ဆရာဝန်က
အကုန်လုံးကုနိုင်မှာ မဟုတ်ဘူး။
ဘဝဆိုတာ တိုတယ်။
ဘဝမှာ ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ပါ။
သာမာန်သမရိုးကျဘဝနဲ့ မသေပါနဲ့။
ဘဝမှာ တရားသေပြောလို့မရဘူး။
အချိန်မဖြုန်းနဲ့။
ဒုတိယတစ်ချက်က
မင်းဘာတွေ ဘယ်လောက်ရှာခဲ့ရှာခဲ့
နောက်ဆုံးထားခဲ့ရမှာပဲ။
ချမ်းသာကြွယ်ဝမှုတစ်ခုနောက်ပဲ
လိုက်ပြီး ဘဝကို အဆုံးမသတ်ပါနဲ့။
တတိယအချက်က
လူတိုင်းက လက်ဗလာနဲ့လောကထဲလာတယ်။
လက်ဗလာနဲ့ ပြန်တယ်။
ကမ္ဘာကြီးမှာ မင်းဘယ်သူ့ကို
ဘယ်လို အနိုင်ယူခဲ့ယူခဲ့
နောက်ဆုံးလက်ဗလာနဲ့ပဲ
ပြန်လည်ထွက်ခွာရမယ်ဆိုတာ သိတယ်တဲ့။
Phyo Paing @ Derek
#drphyopaing