လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်။
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့်
သမီးရည်းစား၊ လင်မယားထားကြတယ်။
ခန္ဓာကိုယ်လိုအပ်ချက်၊
စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်၊
လူမှုရေးလိုအပ်ချက်တွေကို
ဖြည့်ဆည်းဖို့ကြိုးစားကြတယ်။
လိုချင်တာ မရရင် ဒုက္ခပဲ။
လိုအပ်တာ မရရင်လဲဒုက္ခပဲ။
ဒါကြောင့် ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခလို့
ဆိုမိန့်ပြီး သစ္စာလေးပါးကိုဟောကြားတယ်။
ဘဝဆိုတာ ဒုက်ခ၊
ဒုက္ခဆိုတာ တပ်မက်မှုတဏှာကလာတယ်။
ဒုက္ခတွေ ချုပ်ငြိမ်းရာရှိတယ်။
ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။
ဒါကိုသွားဖို့ လမ်းရှိတယ်။
ဒါကို မဂ္ဂင်ရှစ်ပါးလို့ခေါ်တယ်။
ဗုဒ္ဓရဲ့ ဘဝရဲ့ ပြဿနာတွေကို
ဖြေရှင်းနည်းက တစ်မျိုးဖြစ်တယ်။
လူတွေယုံကြည်ထားတဲ့ ဒုက္ခတွေကို
ဒသင်္ဂသွားဖြေရှင်းတဲ့နည်းမဟုတ်ဘူး။
ကျွန်တော်တို့က ဗိုက်ဆာရင်စားတယ်။
လိုချင်ရင် ဝယ်နိုင်အောင်ကြိုးစားတယ်။
ရချင်ရင် ရအောင်နည်းလမ်းရှာပြီး
ကိုယ့် “ချင်တယ်” ဆိုတဲ့ စိတ်ထဲကပြဿနာကို
ဖြေရှင်းတယ်။
ဗုဒ္ဓအနေနဲ့ကျတော့ လူတွေရဲ့
ခဏတာ ပြဿနာတွေဖြေရှင်းဖို့ထက်
ဒီပြဿာကြီးက ဘယ်ကစလဲဆိုတဲ့
ဇစ်မြစ်ကို ရှာတယ်။
ဒါဇစ်မြစ်ကို တစ်ခါတည်းဖယ်နိုင်အောင်လုပ်တယ်။
ကျွန်တော်တို့ဘဝမှာ အမြင်မမှန်တဲ့အတွက်
အမှန်မမြင်တဲ့ အချိန်တွေအများကြီးပဲ။
ဒါကြောင့် ဒုက္ခက
အမြင်မမှန်တာကို ဒိဋ္ဌိ လို့ခေါ်တယ်။
အယူမှား။
အယူမှားဆိုတာ ဘာလဲဆိုရင်
ကိုယ်ဖြေရှင်းချင်တဲ့ပြဿနာကို
ပိုဝေးသွားစေတဲ့ အယူအဆ။
ဒါကတော့ တရုတ်ကြီးနားလည်တဲ့
ဗုဒ်ဓဘာသာ။
Phyo Paing @ Derek