အနာဂတ်ကိုမြင်တဲ့အတိုင်း
လူတွေက ပြင်ကြတာပဲ။
တိရစ္ဆာန်အများစုက
အနာဂတ်အတွက် “သေချာစဥ်းစား”
မပြင်ဆင်တတ်ကြဘူး။
လူတွေက အနာဂတ်ဝေးဝေးအတွက်
ကြံဆပြီး သေချာစဥ်းစား
ပြင်ဆင်တတ်ကြတယ်။
ဘာဖြစ်နိုင်တယ်။
ဘယ်မှာနေမယ်။
ဘယ်လို အလုပ်လုပ်မယ်။
အနာဂတ်မှာ ဖြစ်နိုင်ခြေအတွက်
သေချာစဥ်းစား ပြင်ဆင်မှုတွေလုပ်နိုင်တယ်။
အလုပ်ခွင်ဝင်ဖို့ ကျောင်းပညာသင်ပြီး
ပြင်ခဲ့ကြတယ်။
အိုစာမင်းစာ ပင်စင်ယူ
အလုပ်မလုပ်တဲ့အခါအတွက်
သန်တုန်းမြန်တုန်းမှာ အလုပ်ကြိုးစား
စုဆောင်းပွားများထားကြတယ်။
အနာဂတ် အမြင်ရှိပြီး
ပြင်ထားနိုင်တာ လူတွေရဲ့အစွမ်းအစပဲ။
ဒါကို မေ့နေလို့မရဘူး။
စိတ်၊ ခန္ဓာ၊ ငွေကြေး၊ အလုပ်၊
လူမှုဘဝ။
အကုန် သေချာစီမံ
ပြင်ထားနိုင်မှတော်ကာကျမယ်။
အထူးသဖြင့် ကျွန်တော်တို့လို
လူတွေအတွက်ပေါ့။
Phyo Paing @ Derek