Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်

ကိုယ်ဖန်တီးလိုက်တဲ့အရာတွေကြောင့်
လူတွေဘဝ ပိုပျော်၊ ပိုတော်၊
ပိုသိ၊ ပိုလွယ်ကူ၊ ပိုချိတ်ဆက်နိုင်ဖို့လိုတယ်လို့
ခံယူထားတယ်။

Creators create ဆိုသလို၊
ကိုယ့်ကိုကိုယ် ဖန်တီးသူတစ်ယောက်လို့
သတ်မှတ်တဲ့အတွက် နေ့တိုင်း
ဖန်တီးမှုအသစ်တစ်ခု အနည်းဆုံးလုပ်တယ်။

ဖန်တီးမှုလုပ်တိုင်းမှာ
လူတွေ ကိုယ့်ကြောင့် အဆိပ်အတောက်
မဖြစ်စေရဘူးလို့ အမြဲစဥ်းစားတယ်။

ကိုယ်ဖန်တီးလိုက်တဲ့ ကုန်ပစ္စည်း
ဝန်ဆောင်မှုတွေကြောင့်
လူတွေ “မဒူ”၊ “မဘူ” စေရဘူးဆိုတဲ့
အဆောင်ပုဒ်ထားထားတယ်။

ဥပမာ ကိုယ်က မူးယစ်စေတဲ့အရာရောင်းတယ်။
လူတွေပိုဒူသွားမယ်။
ဥာဏ်တွေထုံထိုင်းဒူသွားမယ်ဆို မလုပ်ဘူး။
လူတွေရဲ့ သိမ်ငယ်တဲ့အငုံ့စိတ်
inferiority complex ကိုအသုံးချပြီး
negative အဆိပ်အတောက်ဖြစ်စေတဲ့
အကြောင်းအရာတွေပဲတင်ရင်
လူတွေ ပိုဘူသွားမယ်။
ဒီနှစ်ခုမဖြစ်အောင် ရှောင်ရမယ်လို့
ကျွန်တော်တို့ Team YEC ခံယူထားတယ်။

ကျွန်တော်တို့ ဖန်တီးတဲ့ ကုန်ပစ္စည်း၊
ဝန်ဆောင်မှုတိုင်း “မဒူ”၊ “မဘူ”စေဖို့
ခံယူချက်ထားတယ်။

နောက်ကိုယ့်ဖန်တီးမှုတိုင်းက လူတွေကို
“ပိုပျော်၊​ ပိုတော်၊ ပိုသိ၊ ပိုလွယ်ကူ၊
ပိုချိပ်ဆက်” ဘယ်အရာကိုလုပ်ပေးလဲ
အမြဲပြန်သုံးသပ်ကြည့်မိတယ်။

Phyo Paing @ Derek

Share Your Idea!​