လူတိုင်းဟာ ဝယ်ယူမှုကိုကြိုက်ကြတယ်။
ဒါကြောင့် အကြောင်းပြချက်တွေ
လိုက်ရှာကြတယ်။
ပထမအဆင့်ကတော့
ငွေပိုရှာနိုင်ဖို့၊
ငွေခြွေတာပေးဖို့၊
အချိန်ခြွေတာပေးဖို့
ပြဿနာတွေဖြေရှင်းဖို့
စိတ်ဆင်းရဲဒဏ်
ကိုယ်ဆင်းရဲဒဏ် ကိုဖြေရှင်းဖို့
ဝယ်ယူကြတယ်။
ဒုတိယအဆင့်က
ကျန်းမာဖို့
ဇိမ်ကျဖို့
လူအထင်ကြီးဖို့
လူချစ်လူခင်ပေါများ၊ အချစ်ခံရဖို့
ဝယ်ယူကြတယ်။
တကယ်လို့ ကိုယ်ရောင်းတဲ့ပစ္စည်း
ဒီထဲမှာ မပါရင်ပဲဖြစ်ဖြစ်၊
ကြော်ငြာရေးတဲ့အခါ
သေချာ မရေးမိရင်ပဲ ဖြစ်ဖြစ်
ရောင်းရသင့်သလောက်
ရောင်းရဖို့ မလွယ်ဘူး။
Phyo Paing @ Derek