Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
တိုးတက်ရေး (Personal Development) မှာ
ရင်းနှီးမြုပ်နှံပါ

လူတိုင်း တချိန်မဟုတ်တစ်ချိန်
စိတ်ဓာတ်ကျဖူးတတ်ကြတယ်။
ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ဖူးတယ်။
လူတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ဖူးတယ်။

အချိန်တွေ ဘာမှန်းမသိကုန်ဖူးတယ်။
လူရှေ့သူရှေ့စကားပြောဖို့ ကြောက်ဖူးတယ်။
ကိုယ့်ဘဝမှာ ဘာစိတ်ဝင်စားမှန်းမသိ
လမ်းပျောက်ဖူးကြတယ်။

ရည်မှန်းချက်ပန်းတိုင်တွေ ချပြီး
မဖြစ်တဲ့အချိန်တွေအများကြီးရှိဖူးတယ်။

ကိုယ့်ဘဝ ကိုယ်နဲ့ဆိုင်တဲ့အတွက်
ကိုယ့်ကိုကိုယ် ၁၀၀ ရာခိုင်နှုန်းတာဝန်ယူဖို့က
ကိုယ်နဲ့ပဲဆိုင်တယ်။

ဒါကြောင့် ကိုယ့်ကိုကိုယ် ကူညီဖို့အတွက်
self-help တက်ကျမ်းဆိုတဲ့
စာအုပ်အမျိုးအစား category တစ်ခု
ပေါ်လာတယ်။​

တက်ကျမ်း self-help ဆိုတာ
လူတွေ ကိုယ့်ဘဝကိုယ်တာဝန်ယူတတ်ဖို့၊
အချိန်စီမံခန့်ခွဲတတ်ဖို့၊
စွမ်းဆောင်ရည်မြင့်ဖို့၊​
ပေါင်းသင်းဆက်ဆံတတ်ဖို့
လမ်းညွန်ပေးတဲ့ စာအုပ်တွေဖြစ်တယ်။

ကမ္ဘာ့သူကြွယ်ကြီး ဘီရီယံနာ
ဝါရင်းဘာဖက် Warren Buffett က
သူ့ဘဝမှာ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုက
ဒေးကာနဂျီ Dale Carnegie ရဲ့
လူရှေ့ထွက်စကားပြောနည်းသင်တန်း
Public speaking ဖြစ်တယ်လို့ဆိုတယ်။

တက်ကျမ်း self-help ကို
ကိုးတန်း၊ ဆယ်တန်းမှာ ဆရာကြီး
ပီမိုးနင်းရဲ့ အားလပ်သောအချိန်ကလေးများ
မြန်မာစာမှာ စတွေ့တယ်။
အဲ့မှာ အမေရိကန်ရဲ့
နိုင်ငံတည်ဆောက်သူလဲဖြစ်၊
သိပ္ပံပညာရှင်လဲဖြစ်တဲ့
ဘင်ဂျမင်ဖလင်ကလင် Benjamin Franklin
အကြောင်းနဲ့ အချိန်မဖြုန်ဖို့
လူတွေရဲ့ ဘဝအပြောင်းအလဲလုပ်ပေးတာက
ညနေ အလုပ်က အိမ်ပြန်ရောက်တဲ့အချိန်
ဖြစ်ကြောင်း ရေးထားတယ်။

ဒီတက်ကျမ်း self-help ဆိုတာ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တည်းကရှိခဲ့တာဖြစ်တယ်။
Socrates လက်ထက်မှာ ကိုယ့်ကိုကိုယ်
ပြန်လည်ဆန်းစစ်ဖို့ self-reflection လုပ်ဖို့
မေးခွန်းတွေမေးတာ ဒါက တက်ကျမ်းရဲ့သမိုင်းအစပဲ။

နောက်ပိုင်း ၁၉ ရာစု၊ ၂၀ ရာစုမှာ
သိစိတ်နဲ့ မသိစိတ်အကြောင်းကို
စိတ်ပညာ၊ စိတ်ခွဲခြမ်းစိတ်ဖြာခြင်းပညာ
psychology နဲ့ psycho-analysis မှာ
ဆစ်မန်ဖလိုက် Sigmund Freud နဲ့
ကာယွန်း Carl Jung တို့က လေ့လာပြီး
သီအိုရီတွေထုတ်ခဲ့ကြတယ်။

ဒီနေ့ခေတ် ဝါဒဖြန့်ခြင်းပညာ Propaganda တို့၊
လူထုဆက်ဆံရေး Public Relations ဆိုတာ
Sigmund Freud ရဲ့ တူအရင်း
အက်ဝေါ့ဘရာနေး Edward Bernays ရဲ့
အရေးအသားအတွေးအခေါ်တွေကဖြစ်လာတာ။
MBTI ကိုယ်ရည်ကိုယ်သွေးစစ်တဲ့
လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ၁၆ ခုခွဲတာ
Carl Jung ရဲ့ တွေ့ရှိချက်တွေကနေ
ဖြစ်ပေါ်လာတာဖြစ်တယ်။

နောက်ပိုင်းမှာ အတွေးခေါ်သစ်လှုပ်ရှားမှု
New Thought Movement ဆိုတာပေါ်ပေါက်လာတယ်။
ရလ်ဝါဒို အီမာဆင် Ralph Waldo Emerson နဲ့
ဖိနိယစ်ကွမ်းဘီ Phineas Quimby တို့ဦးဆောင်မှုနဲ့
ဒီလှုပ်ရှားမှုတဖြည်းဖြည်းကြီးလာတယ်။

နောက်ပိုင်းမှာ Dale Carnegie
ဦးနုဘာသာပြန်တဲ့ မိတ္တဗလ ဋီကာ
How to win friends and influence people တို့၊
နောက် နပိုလီယံဟေး Napoleon Hill
Think and Grow Rich ဟာဆိုရင်
ဆရာကြီးရွှေဥဒေါင်းကိုယ်တိုင်
“အကြံဥာဏ်ဖြင့် ကြီးပွားခြင်း” ဆိုပြီး
ဘာသာပြန်ထားတယ်။

ဒီနောက်ပိုင်းမှာတော့ စတိုးဝတ်အတွေးအခေါ်
Stoic Philosophy ပေါ်အခြေခံပြီး
CBT လို့ခေါ်တဲ့ Cognitive Behavior Therapy ဆိုတာ
တစ်ကမ္ဘာလုံးခေတ်စားလာတယ်။
သူနဲ့ ဗုဒ္ဓရဲ့တရားထိုင်နည်း Mindfulness meditation
ပေါင်းစပ်ပြီး Mindfulness-based CBT ဆိုပြီး
စိတ်ကျရောဂါကုသပေးတဲ့ ဆေးစွမ်းကောင်းဖြစ်လာတယ်။

ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့
7 Habits of Highly Effective People
စွမ်းဆောင်ရည်မြင့်တဲ့သူတွေရဲ့ အမူအကျင့်
၇ ခုမှာလဲ Stephen Covey စတီဗင်ကိုဗေးက
Stoic အတွေးအခေါ်ဖြစ်တဲ့
ဘဝမှာ ဘာထိန်းချုပ်လို့ရလဲ
ဘာထိန်းချုပ်မရဘူးလဲ
ဘာကိုလွမ်းမိုးလို့ရလဲဆိုတာသိ။
ထိန်းချုပ်လို့ရတာကိုပဲ အာရုံစိုက်
ကျန်တာကိုမစိုးရိမ်နဲ့ ဒီအယူအဆကို
ထည့်ထားတယ်။

နောက်ဒီနေ့နောက်ပိုင်း တက်ကျမ်းတွေမှာ
ရွဲ့တဲ့ပုံစံနဲ့ တက်ကျမ်းမဟုတ်ဘူးဆိုပြီး
ရေးထားတဲ့ မတ်မန်ဆန် Mark Manson ရဲ့
The Subtle Art of Not Giving a F*ck
စောက်ဂရုမစိုက်ခြင်း အနုပညာပေါ့။
အဲ့ထဲမှာဆိုလဲ choose your struggle
ကိုယ်ဘာကို ရုန်းကန်မလဲ ရွေးချယ်မှု
အာရုံတွေထွေပြားတာတွေ distraction တွေကို
ရှောင်ရှားနိုင်ဖို့
ခပ်ပေါပေါ တက်ကျမ်းတွေကနေ ရုန်းထွက်နိုင်ဖို့
ဆိုထားပြန်တယ်။​

တက်ကျမ်းဆိုတိုင်း အကုန်လုံးက
ကောင်းနေတာမဟုတ်ဘူး။
တခြားစာအုပ် genre တွေလိုပဲပေါ့။
ကျွန်တော်တို့နိုင်ငံရဲ့ အကျင့်အတိုင်း
တစ်ခုခုဆို ဝါလုံးရှည်နဲ့ သေချာမလေ့လာတဲ့သူတွေက
ရမ်းမိတတ်ကြတယ်။
ငယ်ငယ်ကဆို ကိုယ်အပါအဝင်ပဲ။

ဒီနောက်ပိုင်း တက်ကျမ်းတွေက
တော်တော်လေး ပိုကြမ်းသွားတယ်။
သိပ္ပံအထောက်အထားတွေနဲ့
လူတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ၊
စိတ်ပညာ၊ အတွေးအခေါ်ပညာ
အကုန်လုံးအသုံးချပြီး အရမ်းတိုးတက်လာတယ်။
ဥပမာ The Atomic Habits တို့၊
5 AM Club တို့၊ The Power of Habits တို့
အများကြီးပဲ။

လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့
Personal Development က စတင်တာ
အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်။
ဒါကြောင့် Personal Development
Professional Development
နောက် Business Development
တစ်ခုချင်း တစ်ဆင့်ချင်းတိုးတက်သွားရင်
တိုးတက်မှုနှုန်းမှာ ပိုအထာကျနိုင်တယ်။

ဒီနေ့လို အာရုံတွေများ၊
အာရုံတွေ စားစေတဲ့ခေတ်မှာ
အရေးမပါတာတွေ မရာမပေးပဲ၊
ကိုယ့်အတွက်အရေးမကြီးသူရဲ့
အထင်အမြင်ဟာ အရေးမပါဘူးဆိုတဲ့စိတ်
ထားပြီး ရှေ့ဆက်နိုင်ဖို့
ကိုယ့်ကိုကိုယ် တိုးတက်အောင်တည်ဆောက်ဖို့ကို
ရည်မှန်းချက်ပန်းတိုင်တစ်ခုထားပြီး
အချိန်တစ်ခုပေးထားတာ မမှားဘူး
အားတီ၊ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​