အတိတ်ဆိုတာ မှတ်ဥာဏ်။
အနာဂတ်ဆိုတာ စိတ်ကူး။
ပစ္စုပ္ပန်ဆိုတာ အခုအချိန်။
တချို့ လူတွေက
အတိတ်ရဲ့မှတ်ဥာဏ်တွေထဲက
ရုန်းမထွက်နိုင်ကြဘူး။
တချို့တွေက မရောက်သေးတဲ့
အနာဂတ်ကို စိတ်ကူးနဲ့ရူးကြရတယ်။
ပစ္စုပ္ပန်ရဲ့ စွမ်းအားကိုအသုံးပြုပြီး
ခေါင်းထဲက
အတိတ်ရဲ့ မှတ်ဥာဏ်တွေရဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ
ပြောင်းလဲလို့ရတယ်။
အနာဂတ်စိတ်ကူးတွေကို
လက်တွေ့ဖြစ်လာအောင်
အကောင်အထည်ဖော်လို့ရတယ်။
လူတွေမှာ အချိန်တစ်ချိန်ပဲရှိတယ်။
Phyo Paing @ Derek