သူတို့ရွေးချယ်မှုအားလုံးရဲ့
စုစုပေါင်းပဲလို့ပြောကြတယ်။
ရွေးချယ်မှုပြုလုပ်ဖို့ ဆုံးဖြတ်ရတယ်။
ဆုံးဖြတ်ဖို့ decision-making model လိုတယ်
အားတီတို့။
ဆုံးဖြတ်ချက်ချတော့မယ်ဆို
ကိုယ်လက်ကိုင်ထားတဲ့ framework မရှိရင်
သောက်တလွဲတွေ ဖြစ်တတ်တယ်။
၁။ ရှုံးနေခြေသတ်မှတ်ခြင်း
Downside risk ဘယ်လောက်ရှိမလဲ။
Upside potential ဘယ်လောက်ရှိမလဲ။
ဘယ်လောက်ရှုံးပြီး ဘယ်လောက်ထိ
အမြတ်ရနိုင်လဲဆိုတဲ့ model ပေါ့။
တစ်ခုခု ဆုံးဖြတ်ချက်ချရတော့မယ်ဆိုတိုင်း
ဘယ်လောက် ဆုံးရှုံးမယ်၊
ဘယ်လောက်ထိတော့ အောင်မြင်နိုင်တယ်။
ကြိုတင် စိတ်ပိုင်းဖြတ်ထားဖို့လိုတယ်။
၂။ နောက်ပြန်လမ်းရှိသလား။
ဝယ်ယူမှုတစ်ခုဖြစ်လုပ်တဲ့အခါဖြစ်ဖြစ်
မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခု
ချမိတဲ့အခါပဲဖြစ်ဖြစ်
နောက်ပြန်လမ်းရှိလား။
reversible ရှိသလား စဥ်းစားဖို့လိုတယ်။
ဒီအချက်ကို အသုံးပြုပြီး
မားကတ်တင်သမားတွေက
ရက်သုံးဆယ်မကြိုက်ရင် ပြန်ပေးလို့ရတာ
တွေ အသုံးပြုကြတယ်။
၃။ သတင်းအချက်
ဆုံးဖြတ်ချက် မချရင် သတင်းအချက်
များနိုင်သမျှ များအောင်စုဆောင်းပြီး
ရွေးချယ်လို့ရနိုင်တဲ့ options တွေ
များများ ရှိထားဖို့လိုတယ်။
ရွေးချယ်စရာရှိခြင်းသည် မရှိခြင်းထက်
ပိုကောင်းတယ်။
၄။ အချိန်အလိုက် စဥ်းစား
ဒီဆုံးဖြတ်ချက်ကို ချလိုက်ရင်
နောက်တစ်လနေရင်ပျော်မလား။
နောက်တစ်နှစ်၊ နှစ်နှစ်၊
သုံးလေး၊ ငါးနှစ်နေရင်၊
ဆယ်နှစ်နေရင်၊ အသက် ၇၀ ကျရင်
ပျော်မလား။
နှစ်အလိုက် စဥ်းစားကြည့်ကြည့်။
၅။ ယူဆတွေအမျိုးမျိုးကိုဆွဲထုတ်
အရေးကြီးတဲ့
ဆုံးဖြတ်ချက်ချတော့မယ်ဆို
ကိုယ့်ခေါင်းထဲက ယူဆချက်တွေကို
တစ်စခြင်းဆွဲထုတ်ဖို့လိုတယ်။
ကိုယ့်ရဲ့အတွေးအခေါ်က
ဘေးချော်နေတာမျိုးလဲ ဖြစ်နိုင်တယ်။
၆။ သောက်တလွဲကို အမြဲမျှော်လင့်ထား
ဘဝဆိုတာ မအေးအေးဝင်းစီစဥ်တာ
မဟုတ်တဲ့အတွက် အမြဲ တလွဲဖြစ်နိုင်တယ်။
ဒါကြောင့် ငါဆုံးဖြတ်ချက်ချလိုက်ရင်
ဖရောင်းလမ်းပဲဖြစ်နေမှာ မဟုတ်ဘူး။
ခယောင်းလမ်းလဲဖြစ်နိုင်တယ်။
ဖြစ်နိုင်တဲ့ တလွဲတွေကို ကြိုတင်ကြံဆ
စိတ်ဓာတ်ရေးရာ ပြင်ဆင်ထားဖို့လိုတယ်။
၇။ ခဏတာ ခံစားချက်နဲ့ မဆုံးဖြတ်နဲ့
လူတွေက ပျော်နေရင် အနာဂတ်လဲ
အဲ့လို ပျော်နေမယ်လို့ထင်တယ်။
စိတ်ညစ်ရင်လဲ အနာဂတ်စဥ်းစားလိုက်ရင်
အဲ့လိုပဲ စိတ်ဆင်းရဲနေမယ်လို့ထင်တယ်။
အောင်မြင်ရင်လဲ overconfident ဖြစ်ပြီး
အမြဲတမ်းအောင်မြင်နေမယ်လို့ထင်တတ်တယ်။
Quaker အနေနဲ့ Snapple brand ကို
ဝယ်ခဲ့တာတို့ဆိုတာ စီးပွားရေးမှာ
မြင်သာတဲ့ ဥပမာတွေပဲ။
သဒင်္ဂစိတ်ခံစားမှုပေါ်မှာ မူတည်ပြီး
ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ
မချလိုက်နဲ့။
Phyo Paing @ Derek