လူတွေရဲ့ အပြုအမူက
ပတ်ဝန်းကျင်၊ စိတ်ခံစားချက်၊
မျိုးရိုး၊ ကိုယ်ပိုင်အတွေ့အကြုံနဲ့
ဟော်မုန်းတွေပေါ်မူတည်ပြီး
အပြောင်းအလဲဖြစ်နေတယ်။
ဗိုက်ဆာနေတဲ့အချိန်နဲ့
ဗိုက်ပြည့်တဲ့အချိန်၊
ဒေါသထွက်နေတဲ့အချိန်နဲ့
ပျော်နေတဲ့အချိန်၊
ဖျားနေတဲ့အချိန်နဲ့
နေကောင်းနေတဲ့အချိန်
အပြုအမူတွေက မတူဘူး။
လူတွေရဲ့ အပြုအမူတွေက
dynamic အပြောင်းအလဲဖြစ်နေတယ်။
လူတွေကို လူတွေလို့မြင်ရာက
မတူညီတဲ့ သံစဥ်တွေနဲ့ဖွဲ့စည်းထားတဲ့
သက်ရှိတွေလို့ မြင်စပြုလာတယ်။
Phyo Paing @ Derek