Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေဟာ အတွေးအခေါ်
pattern တွေရဲ့သားကောင်ပဲ။

မူးတဲ့အချိန် ခေါ်နေကျ ဖုန်းနံပတ်ကို
ပြန်ဆက်မိတာတို့။
မူးနေတဲ့အချိန် ပြောနေကျ
စကားတွေ ပြန်ပြောတာတို့။
တချို့လူတွေနဲ့တွေ့တဲ့အချိန်
တချို့စကားတွေ ပြန်ပြန်ပြောဖြစ်နေတာ။
ဒီ pattern တွေက မသိလိုက်ပဲ
Repeat ဖြစ်နေတတ်တယ်။

ကိစ္စတစ်ခု ကြုံလာတာတဲ့အခါ
တုန့်ပြန်နေကျပုံစံနဲ့ ပြန်ဖြေရှင်းတတ်တယ်။

ဒီ pattern တွေကို System I လို့ခေါ်တယ်။
အလိုအလျောက်တုန့်ပြန်တဲ့စနစ်ဆိုပါတော့။
မသိစိတ်က လွမ်းမိုးထားတယ်လို့လဲဆိုနိုင်တယ်။

အပြောင်းအလဲတစ်ခုလုပ်ချင်ရင်
ဒီ စနစ်ကို overwrite လုပ်ဖို့လိုတယ်။

ငယ်ငယ်က စိတ်ညစ်စရာကြုံရင်
သူငယ်ချင်းတွေနဲ့ ဘီယာသောက်တယ်။
နောက်ပိုင်း ဒီအချက်ကို သတိပြုမိလာတော့
Audible ထဲက စာအုပ်တွေဝယ်လိုက်တယ်။
စိတ်ညစ်တိုင်း စိတ်ပညာနဲ့ပတ်သက်တဲ့
စာအုပ်တွေ လိမ့်နားထောင်တယ်။

အဲ့ကမှ အတွေးအခေါ်အသစ်ရတယ်။
အတွေးအခေါ်အသစ်ကို
အပြုအမူအသစ်ဖြစ်စေတယ်။
အပြုအမူအသစ်က ဘဝအသစ်ဖြစ်စေတယ်။

ကိုယ့်ရဲ့ အတွေး pattern တွေကို
သတိပြုမိဖို့ အရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​