Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေ တံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်တီးပါ။

တက္ကသိုလ်တက်တုန်းက ဆေးကျောင်းသား၊
အလုပ်ခွင်ဝင်တော့ ဆရာဝန်။
ဆေးကုမ္ပဏီဝင်တော့ အရောင်းသမား။
အချိန်ပိုင်းစာသင်တော့ သင်တန်းဆရာ။
ဖောက်သည်တွေရအောင် ကူညီပေးတော့
မားကတ်တင်း ကျွမ်းကျင်ပညာရှင်။

ကိုယ်တိုင်လုပ်ငန်းစတော့ အလုပ်ရှင်။
ကိုယ်တိုင်သင်တန်းကျောင်းဖွင့်တော့
သင်တန်းကျောင်း ပိုင်ရှင်။
တိုင်ပင်ဆွေးနွေးအကြံပေးလုပ်တော့ အကြံပေး။
Website တွေ၊ App တွေလုပ်တော့
Digital Entrepreneur ဘာညာ။

လူတွေက ကိုယ်ဒီနေ့ လုပ်နေတဲ့ အလုပ်ကိုကြည့်ပြီး
တံဆိပ်ကပ်ကြတယ်။

တချို့လူတွေမသိတာက
ToeTeter တွေက
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့
ကိုယ်ပိုင်ဆိုင်ထား၊ ရရှိထားတဲ့ အရာတွေကို
စွန့်လွတ်ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ဖန်တီးရတဲ့
အချိန်တွေ ရှိတယ်။

စွန့်လွတ်ရတဲ့အထဲမှာ အတွေးအခေါ်အဟောင်း၊
ယုံကြည်မှုဟောင်း၊ လုပ်ပုံကိုင်ပုံအဟောင်း၊
လုပ်နေကျအဟောင်းတွေပါဝင်တယ်။
You have to give up to grow up.

ကိုယ်နေ့စဉ် လုပ်နေတဲ့အရာတွေက
ကိုယ့်ကို next level ရောက်အောင်
ကူညီပေးနိုင်ရမယ်။

Phyo Paing @ Derek

Share Your Idea!​