Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့

အသက်ကို ပြင်းပြင်းရှူသွင်းကြည့်။
အာရုံလေးစိုက်ပြီး ပြန်ရှူထုတ်ကြည့်။
ဝင်သက်ထွက်သက်တိုင်းမှာ
သတိလေးထားပြီး ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်
ငြိမ်းချမ်းမှုဆိုတာရှိတယ်။

တရုတ်အတွေးအခေါ်မှာ “သဟဇာတ” ကျဖို့
Taoism ဆိုတာရှိတယ်။
လောကမှာ အရာရာကို အဖိုနဲ့ အမ
Yin and Yang ခွဲနှစ်ခုမျှဖို့လိုတယ်။

အသက်ရှူသွင်းတာရှိသလို၊
အသက်ရှူထုတ်တာ ရှိတယ်။
ဘဝမှာ အဆိုးတွေရှိသလို
အကောင်းတွေလဲ ရှိတယ်။

ဘဝကို အထာကျကျနဲ့ သဟဇာတရှိရှိ
ဖြစ်သန်းဖို့ အတွေးအခေါ်တစ်ခုနဲ့
ဘဝကို နေထိုင်ကြည့်တယ်။

ဒါကို Master Your Flow လို့
နာမည်ပေးလိုက်တယ်။

သားရေကွင်းက ဆွဲလွန်းရင်လဲပြတ်တယ်။
အလားတူပဲ စွမ်းဆောင်ရည်အမြင့်ဆုံး
Peak Productivity သွားတဲ့အခါ
ဇွတ်အတင်းလုပ်တဲ့အခါ
အရုပ်ကြိုးပြတ်သွားနိုင်တယ်။

အချစ်ရေးမှာလဲ အလားတူပဲ။
ရူးသွပ်မှုကို အခြေခံရင်
ကြေကွဲမှု နောက်ကလိုက်လာမယ်။

အရာရာကို ညင်ညင်သာသာ
Flow ရေစီးကြောင်းထဲ ဝင်အောင်လုပ်ဖို့လိုတယ်။

ဘဝရဲ့ ရေစီးကြောင်းကိုတွေ့တဲ့အခါ
ရေဆန်ပြီး ရုန်းကန်နေရတာပျောက်သွားလိမ့်မယ်။
အထာကျကျ ဆရာကျကျ
ဘဝကို ထိန်းကျောင်းလာနိုင်မယ်။

သဟဇာတဖြစ်ဖြစ် ဘဝကိုတည်ဆောက်ပြီး
Peak Productivity ကို ဖန်တီးဖို့၊
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
ရုန်းကန်နေစရာမလိုဘူး။

ကိုယ့်ရဲ့ Flow ကို
၁။ ရှာ Find
၂။ လေ့ကျင့် Train
၃။ ဆရာတင် Master
ဒီသုံးဆင့်နဲ့ သွားလို့ရတယ်။

Phyo Paing @ Derek

Share Your Idea!​