ပစ္စုပ္ပန်ပေါ်မူတည်ပြီး
အနာဂတ်ကို projection လုပ်
ပုံဖော်ကြတာများတယ်။
လက်ရှိမှာ စိတ်ညစ်နေရင်
အနာဂတ်က စိတ်ညစ်စရာ
ကောင်းနေတာမျိုး၊
လက်ရှိမှာပျော်ရွင်ကြည်နူးစရာ
ကောင်းနေရင် အနာဂတ်ကလဲ
ကောင်းနေမယ်ထင်တာမျိုး။
ဒါကြောင့်လူတွေထီပေါက်တဲ့အချိန်၊
ဝင်ငွေအရမ်းကောင်းတဲ့အချိန်
အနာဂတ်မှာလဲ အတူတူပဲထင်ပြီး
သုံးကြ၊ ဖြုန်းကြလုပ်တတ်သလို၊
စိတ်ညစ်စရာကောင်းရင်လဲ
အနာဂတ်မှာ အဲ့လိုပဲလို့ထင်တတ်ကြတာ
မမှန်ပါဘူး။
မုန်တိုင်းပြီးရင် လေပြေလာတတ်ပါတယ်။
ပစ္စုပ္ပန်မှာ အခက်အခဲဖြစ်နေရင်
အနာဂတ်အတွက်ပြင်ဆင်ဖို့ပဲလိုမှာမဟုတ်လား။
Phyo Paing @ Derek