လူတွေ relationship မှာ တိုင်ပတ်တာက
ငယ်ငယ်က နာကျင်မှုတွေကြောင့်။
John က Cheryl ကိုစတွေ့ကတည်းက
သူလိုချင်တာအကုန်ရှိတဲ့ မိန်းကလေးတစ်ယောက်။
ဒါပေမယ့် Cheryl က လအနည်းငယ်ကြာတော့
မွန်းကြပ်လို့ ငါ့ကို နေရာတစ်ခုထားပေးပါဆိုပြီး
ပြောလာတယ်။
John အတွက်က ဘယ်လိုဖြစ်ဖြစ်
တချက် Yes လို့ ပြောတာနဲ့
လက်ထပ်ဖို့ အဆင်သင့်ဖြစ်ပေမယ့်
Cheryl ရဲ့ ငြင်းဆိုမှုကြောင့် သူလက်ခံခဲ့တယ်။
လအနည်းငယ်ကြာတော့ Patricia နဲ့တွေ့တယ်။
John အတွက် အလိုက်တသိ အကုန်
လိုလေသေးမရှိ လုပ်ပေးတယ်။
ဘာမှ အပြစ်ဆိုတာ မရှိဘူး။
ဒါပေမယ့် John အနေနဲ့ အလုပ်ရှုပ်ရင်ရှုပ်
မရှုပ်ရင် အမြဲ သတိရနေတာ
Cheryl ပဲဖြစ်နေတယ်။
ဒါကို psychotherapy လာတဲ့အခါ
Dr. Hendrix က သူ့ရဲ့ ငယ်ဘဝအကြောင်းမေးတယ်။
သူ့ငယ်ဘဝမှာ John အမေက
ကလေးကို လျစ်လျူရှုထားလေ့ရှိပြီး
John အတွက်အမြဲ စိတ်ဖိဆီးမှုတွေနဲ့။
John စိတ်ဆိုးတဲ့အခါတိုင်းလဲ
သူ့ကို ရိုက်ပြီး အချိန်အကြာကြီးစကားမပြောဘူး။
ဒီငယ်ငယ်က အဖြစ်အပျက်က မသိစိတ်မှာဆွဲပြီး
Cheryl ကို စွဲလမ်းမှုဖြစ်စေတယ်။
Cheryl က ငါ့အပြင်တခြားသူနဲ့သွားမှာ
ငါ့ကို မဆက်သွယ်နဲ့နောက်ဆိုတဲ့
denial ငြင်းဆိုမှုနဲ့ လူတွေမွေးကတည်းက
နီးစပ်လိုတဲ့စိတ်က John အတွက်
Cheryl ကို ပိုစွဲလမ်းစေတယ်။
နောက်ပြီး John အနေနဲ့က
သမရိုးကျစီးပွားရေးသမားဖြစ်ပြီး
Cheryl ရဲ့ အနုပညာဆန်မှုက
John ကို ဆွဲဆောင်မှုဖြစ်စေတယ်။
ဒီ love strategy က ငယ်ဘဝတည်းက
အမြစ်တွယ်လာတယ်။
ဒါတွေကိုဖြေရှင်းဖို့
Getting the love you want ဆိုတဲ့
ကမ္ဘာကျော် relationship therapy စာအုပ်ကို
Dr. Harville Hendrix က ရေးထားတယ်။
သူ့စာအုပ်မှာ love therapy တွေဖြစ်တဲ့
ကိုယ့်ကိုစောင့်ရှောက်ဖို့၊
ကိုယ်တစ်ဦးထဲဘဝဖြတ်သန်းတာထက်
နှစ်ယောက်ပေါင်း ဆေးပေးမီးယူက
ပိုကောင်းတယ်ဆိုတဲ့ exchange theory နဲ့
နောက် persona theory ကိုဖော်ပြထားတယ်။
နောက်ပြီး ငယ်ဘဝတုန်းက
ကိုယ့်အဖေ၊ အမေ၊ ကိုယ့်ကိုလွမ်းမိုးမှုရှိတဲ့သူရဲ့
ကောင်းတဲ့ လက္ခဏာတွေ၊
ဆိုးတဲ့ လက္ခဏာတွေ၊
နောက်အဲ့လက္ခဏာတွေက ကိုယ့် partner မှာရှိမရှိရယ်၊
နောက် ကိုယ့်အနေနဲ့ ကိုယ့်အဖေအမေဆီကရချင်ပြီး
မရခဲ့တဲ့ ခံစားမှုတွေရယ်ကို ချရေးခိိုင်းတဲ့
exercise တွေအများကြီးပါတယ်။
နောက်ပြီး romantic relationship ဖြစ်ဖို့က
အစပိုင်းမှာ အကုန်ပြီးပြည့်စုံတယ်လို့ခံစားရပြီး
အခြေအနေတစ်ခုရောက်တဲ့အခါ
ကိုယ့် partner အကြောင်းတွေအကုန်သိလာပြီး
တချို့ traits လက္ခာတွေက ကိုယ့်ကို
ဒုက္ခပေးတဲ့အချိန်တွေ ရောက်လာတတ်တယ်။
ဒါတွေကို ဆေးပြန်ဖြေဖို့လိုတယ်။
ဒီလိုလုပ်ဖို့ conscious partnership ဆိုတဲ့
စကားလုံးကို သုံးပြီးအကြံဆယ်ခုပေးထားတယ်။
နောက် relationship vision ကိုချရေးပြီး
ငယ်ဘဝကဖြစ်ခဲ့တဲ့ anger နဲ့ fear နှစ်ခုကို
ကျော်လွှားဖို့ exercise တွေစုံစုံလင်လင်ဖော်ပြထားတယ်။
တော်တော်လေးမိုက်တဲ့စာအုပ်တစ်အုပ်ပဲ။
အချုပ်ရေးဖို့ မလွယ်လောက်အောင်
detail ကျပြီး case တွေအများကြီးပါတယ်။
Author ကိုယ်တိုင်က marriage အတွက်
clinical psychotherapist ဖြစ်ပြီး
သူ့ first marriage failed ဖြစ်ပြီးနောက်
ဒီလောကထဲမှာ အသူအသုံးပြုနေတဲ့
therapy ပုံစံက 12 sessions သူ့ဆီလာဖို့၊
ဒီကြားထဲမကွဲဖို့၊
နောက် ၃ လအတွင်းမှာ ပြန်ပြီး
re-romanizing လုပ်ဖို့ exercise
နောက် dialogue တွေပုံစံနဲ့
ပြဿနာတက်နေတဲ့ အိမ်ထောင်နဲ့
relationship တွေကို ဖြေရှင်းပေးတာ
တော်တော်လေးမိုက်တယ် အားတီ၊ အားမေတို့။
စာအုပ် recommendation တစ်ခု
ခုဏက တွေ့လို့ဖတ်ကြည့်တာ
ဖတ်ကောင်းကောင်းနဲ့ ဖတ်နေတာ
သုံးနာရီလောက် ကြာသွားတယ်။
Phyo Paing @ Derek