Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

လူသစ်၊ စိတ်သစ်၊ အနာဂတ်သစ်

Facebook comment တွေအောက်မှာ တစ်ယောက်က ဘရုပ်သုတ်ခပြောလိုက်ရင် တခြားသူတွေလိုက်ရေးကြတာကို မြင်ဘူးပါသလား?

မနက် စျေးဦးလှန်သွားရင် (စျေးဦးပေါက်မကောင်းရင်) တစ်နေ့လုံး အဆင်မပြေဖြစ်တတ်တဲ့ သဘောတရားကြုံဖူးပါသလား ?

Psychology မှာ Priming လို့ခေါ်ကြပါတယ်။ ကုန်ပစ္စည်းရောင်းတဲ့နေရာမှာလည်းသုံးကြတယ်။ ဥပမာ customer တစ်ယောက် စျေးလာဝယ်တဲ့အခါ Dear Customer ခင်ဗျားအကြိုက်ဆုံး product က ဘယ်လိုပုံရှိမလည်းဆိုတဲ့ ပုံဖော်ခိုင်းပြီး ကိုယ့် product ကိုရောင်းနိုင်သလို ကျွန်တော်တို့ မနက်ထထခြင်း မင်္ဂလာရှိဖို့ တရားခွေဖွင့်ကြတာဟာ priming effect ကြောင့်ပါ။

စောစောစီးစီး ကျက်သရေမရှိတာတွေ မပြောနဲ့ဆိုတဲ့ စကားလည်းကြားဘူးမှာပါ။ မနက်ထထခြင်းမှာ ကျွန်တော်တို့ brain ဟာ သာမန်အချိန်တွေထက် အနည်းနဲ့အများ fresh ဖြစ်နေလေ့ရှိပါတယ်။ ဒီအချိန်မှာ stupid questions တွေနဲ့ ကိုယ့်ကိုကိုယ်မမေးဖို့ အင်မတန်အရေးကြီးပါတယ်။

လာပြန်ပြီ တနလာင်္နေ့။ ခဏနေရုံးသွားရအုံးမယ် ဆိုတာမျိုးစဉ်းစားမည့်အစား ကျွန်တော်တို့ priming effect ကို အကောင်းဆုံးအသုံးချ နိုင်ပါတယ်။

ဘယ်လိုအသုံးချမလည်း

၁. Questions

မေးခွန်းတွေမှာ အဖြေဖြစ်လေ့ရှိပါတယ်။ Management ပါးဝလာလေလေ လူတွေကို question ကောင်းကောင်းမေးတတ်လာလေလေ ဖြစ်ပါတယ်။ အလားတူ မနက်ထထ ချင်းမှာ positive questions တွေ မေးလို့ရပါတယ်။

လူနဲ့ တိရိစ္စာန်ရဲ့ ကွာခြားချက်တစ်ခုက လူတွေဟာ နောက်ဘာဖြစ်မလည်းဆိုတာကို စဉ်းစားနေလေ့ရှိပြီး လက်တလောဖြစ်ပျက်နေတာတွေကနေ အာရုံပျောက်နေတတ်ပါတယ်။ ဒါကြောင့် ယခုကို ပို focus လုပ်တဲ့ question တွေမေးနိုင်တယ်။

ငါယခု အပျော်ရွင်နေဆုံးအရာကဘာလည်း။

မရှိဘူးလို့ ခေါင်းက ပြန်ဖြေလိမ့်မယ် [၃၀% လူတွေ ဒီလိုဖြေလေ့ရှိတယ်။] တကယ်လို့ ရှိခဲ့မယ်ဆို ငါ့ကို ယခုအပျော်ဆုံး ဖြစ်စေတဲ့ အရာက ဘာဖြစ်မလည်းဆိုတာပြန်မေးပါ။ ဒီပျော်ရွင်မှုကြောင့် ဘယ်လိုခံစားရသလည်းဆိုတဲ့ questions မေးပြီး ခံစားကြည့်ပါ။
(တကယ်လို့ရှိလာရင်ဆိုတဲ့ စကားကို reframming လို့ခေါ်ပါတယ်။)

၂. Incantation

affirmation ဂါထာနဲ့ကွာပါတယ်။ Incantation ဆိုတာကတော့ စစ်ချီတေးသီချင်းဆိုသလို အားနဲ့မာန်နဲ့ ကိုယ်ရွေးချယ်ထားတဲ့စကားစုကို ဆိုတာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပါပါတယ်။ အဓိက အကြောင်းရင်းကတော့ ခန္ဓာကိုယ် state လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်စဉ် physiological state ကိုပြောင်းဖို့ဖြစ်ပါတယ်။

Action plan-
မနက်ထထချင်းကိုယ့်ကိုကိုယ်မေးရမည့် questions တွေကို ဖန်တီးပါ။ မနက်နိုးနိုးခြင်းနေ့စဉ်မေးပါ။
(ဘယ်လိုဖန်တီးရမှန်းမသိရင် cb ကမေးပါ။ မနက်မေးရမည့် ဖန်တီးပြီးသား morning questions ခုနှစ်ခု ပို့ပေးပါမယ်။)

Incantation-
incantation တစ်ခုဖန်တီးပါ။ မနက်တိုင်း ငါးမိနစ်အချိန်ပေး ရွက်ဆိုပါ။

တိုနီရော်ဘင်ရဲ့ incantation ရေးပေးလိုက်ပါတယ်။

NOW I AM THE VOICE.
I WILL LEAD NOT FOLLOW.
I WILL BELIEVE, NOT DOUBT.
I WILL CREATE, NOT DESTROY.
I AM A FORCE FOR GOOD.
I AM A FORCE FOR GOD.
I AM A LEADER.
DEFY THE ODDS.
SET A NEW STANDARD.
STEP UP!

Phyo Paing @ Derek

Share Your Idea!​