လူတွေက လူဖြစ်ပြီး
တိရစ္ဆာန်အတွေ့အကြုံတွေရပြီးပဲ
သေသွားတတ်ကြတယ်။
လူသားအတွေ့အကြုံကို
မရပဲ သေသွားတဲ့သူအများကြီး။
တိရစ္ဆာန်အတွေ့အကြုံဆိုတာ
အိပ်၊ စား၊ ကာမ၊
ဒေါသ၊ လောဘ၊ မောဟ။
တစ်ကောင်ဟောင်ရင်
ကိုယ်ပြန်ဟောင်တဲ့
မစဉ်းစားပဲ တုန့်ပြန်မှု။
ခန္ဓာကိုယ် အသွေးအသားတွေရဲ့
တောင့်တမှုကို လွန်ဆန်နိုင်စွမ်းရှိတဲ့
လူသားတွေမှာရှိတဲ့ အတွေ့အကြုံ
“သတိ” ကို အသုံးပြုဖို့ မေ့နေတတ်ကြတယ်။
နိုင်ငံတစ်နိုင်ငံမှာ အာဏာရှိပြီး
အုပ်ချုပ်ခွင့်ရတဲ့အတွက်လဲ
ကံကောင်းလိုက်တာလို့ မထင်လိုက်နဲ့။
အရာဝတ္ထုတွေပေါ်တပ်မက်ပြီး
မစွန့်လွတ်ပဲ မနေနိုင်တာ
ဥစ္စာစောင့်လို့ခေါ်တယ်။
ပိုင်ဆိုင်မှုတွေကို စွန့်လွတ်နိုင်တဲ့၊
စွန့်လွတ်ရဲတဲ့ အတွေးအခေါ်မရှိတဲ့သူက
ပူလောင်တဲ့သူပဲ။
စွန့်လွတ်ရဲတာ၊ ပေးဆပ်ရဲတာ၊
မေတ္တာထားတာ၊ ကိုယ့်ကိုယ်သတိကပ်တာ၊
ကိုယ့်ကိုကိုယ်နားလည်ဖို့ကြိုးစားတာ၊
လူတွေကိုပြန်လည်မျှဝေပေးတာ
ဒါက လူသားအတွေ့အကြုံပဲ။
သံသရာမှာ လူသားအတွေ့အကြုံရခွင့်ရတာ
ဘာလို့ တိရစ္ဆာန်အတွေ့အကြုံ၊
ဥစ္စာစောင့်၊ ဗြိတ္တာအတွေ့အကြုံတွေယူပြီး
ပူလောင်တဲ့ ငရဲအတွေ့အကြုံတွေယူနေမလဲ။
လူသားဖြစ်တဲ့အတွက်
လူသားစစ်စစ် အတွေ့အကြုံကို
ခံစားတတ်ဖို့လိုတယ်။
Phyo Paing @ Derek