ဒီတော့ လူတွေမလိုအပ်တော့တဲ့
ကိုယ်ရောင်းနေကျ ပစ္စည်းကို
ထိုးရောင်းဖို့ နည်းပေါင်းစုံနဲ့
ကြိုးစားကြတယ်။
လူတွေအမှန်တကယ်လိုအပ်နေတဲ့၊
လိုချင်နေတဲ့ ပစ္စည်းကို
စျေးကွက်ထုတ်နိုင်တာဟာ
မားကတ်တင်းမှာ အရေးအကြီးဆုံး
အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒါလုပ်နိုင်ရင် ခေါင်းကြီးပိုင်းရေးတာတွေ၊
Boost လုပ်တာတွေ အရမ်းကြီး
ခေါင်းစားစရာတောင် မလိုသလောက်ပဲ။
စျေးကွက်ကို မျက်ခြေမပျက်လေ့လာပါ။
ဖောက်သည်တွေရဲ့ ပြောင်းလဲသွားတဲ့
စိတ်နေသဘောထား၊ အကြိုက်တွေ၊
secret desire တွေကို ဖော်ထုတ်ပါ။
ဒါတွေကို ဖြည့်ဆည်းပေးဖို့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှု
ဘယ်လိုဖန်တီးရမလဲ စဥ်းစားပါ။
စျေးကွက်လိုအပ်ချက်လေ့လာတယ်ဆိုတာ
ရွှေရှာသလိုပါပဲ။
ကိုယ်ကသိပြီး မြန်မြန်တူးဖော်နိုင်လေလေ
ကိုယ့်လုပ်ငန်းအတွက် အလားအလာပို
ကောင်းလေလေပဲ။
တချိန်တည်းသိထားရမှာက
ရွှေထွက်တဲ့နေရာက အမြဲပြောင်းလဲနေမှာပဲ။
ကိုယ့်လုပ်ငန်းဟာ
လာမည့် အပြောင်းအလဲထက်
စောနေဖို့ လိုတယ်။
Phyo Paing @ Derek