မိဘရဲ့အမွေဆက်ခံပြီး
ဘုရင်မလုပ်ပဲ တောထွက်
အမှန်တရားကိုရှာဖွေတယ်။
သစ္စာလေးပါးကိုရှာဖွေတွေ့ရှိတယ်။
သွားရမည့်လမ်းရှစ်ကြောင်းကို
မဂ္ဂင်ရှစ်ပါးနဲ့လမ်းပြပြီး
သတ္တဝါတွေကို လွတ်မြောက်ကြောင်း
“လမ်းပြ”တယ်။
လူငယ်တွေရဲ့ အတွေးအခေါ်ကို
အဆိပ်ခတ်တယ်ဆိုပြီး
သူ့အမြင်မှားကြောင်း တောင်းပန်ခိုင်းတယ်။
အဆိပ်ခွက်ကိုပဲရွေးသွားတဲ့ Socrates.
သူ့အတွေးအခေါ်အကူညီ မှီဥာမ်းပြီး
Stoic System of Thinking
ပေါ်လာတယ်။
လူတွေကြားထဲ လူတွေနားကြပ်တပ်
နားထောင်မယ်ဆိုတဲ့ အမြင်နဲ့
ရှေ့ဆက်ခဲ့တဲ့ Walkman က
Sony ကိုရှေ့ရောက်စေခဲ့တယ်။
ဖုန်းတွေမှာ keyboard မလိုဘူးဆိုပြီး
iPhone ဖြစ်လာတယ်။
Electric Car တွေ ဆွဲဆောင်မှုမရှိဘူး။
Space exploration လုပ်ဖို့
လုပ်နေတာရူးနှမ်းတယ်လို့
ကိုယ့် role model တွေဝေဖန်တာကို
စိတ်ထိခိုက်ခိုက်နဲ့ အမြင်ကိုမမှိတ်မသုန်
ဖြစ်အောင်လုပ်ခဲ့တဲ့ Elon Musk.
လူတွေငှက်တွေလို လေထဲပြန်နိုင်မယ်ဆိုတဲ့
အမြင်ကြောင့် လေယဉ်တွေပေါ်လာတယ်။
CRISPR gene editing လို
လူတွေရဲ့ DNA sequence ကို
လိုသလိုပြင်တဲ့ Homo Deus တွေ
ဖြစ်လာနိုင်တာတွေ။
ဒါတွေက အမြင်မတူတဲ့သူတွေကြောင့်
ဖြစ်လာကြတယ်။
အမြင်မတူတဲ့သူတွေမှာလိုတာ
စိတ်ရှည်မှု၊ ဇွဲနဲ့ အနစ်နာခံလေ့လာမှုပဲ။
Phyo Paing @ Derek