လူတစ်ယောက်နဲ့ အလုပ်လုပ်မယ်
မလုပ်မယ်ကို ဆုံးဖြတ်တဲ့အခါ
တိုင်းတာတဲ့ metric တစ်ခုရှိတယ်။
အဲ့ဒါကတော့ ဒီလူ့မှာ
ကျေးဇူးတင်တတ်တဲ့ စိတ်ဘယ်လောက်ရှိသလဲ
ဆိုတာပဲဖြစ်တယ်။
တချို့တွေက လိုအပ်ချက်တွေပဲမြင်တတ်တယ်။
တချို့က ကိုယ့်ဖက်က ယူဖို့ပဲစဉ်းစားတတ်တယ်။
တချို့က မျှမျှတတ စဉ်းစားတတ်တယ်။
တချို့က ကိုယ့်ကို အမြတ်ထုတ်ချင်တာ။
တချို့က ကွက်ကျော်ရိုက်ချင်တဲ့စိတ်ရှိတယ်။
တချို့က အောက်ကြေးနှိုက်တာ အကျင့်ပါနေတာ။
ဒီလို အမျိုးမျိုးပဲ။
ကောင်းတာ ဆိုးတာ အမျိုးမျိုးပဲ။
လူအမျိုးမျိုးနဲ့ အလုပ်လုပ်တဲ့အခါ
ကျေးဇူးတင်တတ်တဲ့စိတ်
Gratitude ရှိတဲ့ လူတွေနဲ့ အလုပ်လုပ်ခွင့်ရတာ
မင်္ဂလာတစ်ပါးပဲ။
Phyo Paing @ Derek