လူ၊ နေရာ၊ အတွေးအခေါ် = အင်နာဂျီ
တွေ့တဲ့လူတွေ မတူရင်
စိတ်ခံစားချက်တွေ မတူဘူး။
ပြောဆိုဆက်ဆံမှုက ဖြစ်တဲ့
ဓာတ်ပြုမှုတွေ မတူဘူး။
ဖြစ်ပေါ်လာတဲ့ အင်နာဂျီတွေမတူဘူး။
နေတဲ့နေရာ မတူရင်
စိတ်ခံစားချက်တွေ မတူဘူး။
ဖြစ်ပေါ်လာတဲ့ အင်နာဂျီတွေ မတူဘူး။
တွေးတဲ့အတွေးအခေါ်မတူရင်
စိတ်ခံစားချက်တွေ မတူဘူး။
ဖြစ်ပေါ်လာတဲ့ အင်နာဂျီမတူဘူး။
People + Place + Philosophy = Energy
ရှေးတရုတ်ပညာရပ်တချို့မှာ
လူတွေရဲ့ အဖို၊ အမဓာတ်နဲ့ အင်နဂျီကိုကြည့်ဖို့
ဖုန်းဆွေ feng shui 風水 ဆိုတာရှိတယ်။
လူတွေရဲ့ မျက်နှာတွေကြည့်ပြီး
အင်္ဂဝိဇ္ဇာနဲ့ ကိုယ်ရည်ကိုယ်သွေးခန့်မှန်းတဲ့
မြန့်ရှန့် mian xiang 面相 ဆိုတာရှိတယ်။
အတွေးအခေါ်တွေအတွက်ကလဲ
ကိုယ်နဲ့ ကိုက်တဲ့ အတွေးအခေါ်ယူလို့ရတယ်။
စိတ်ငြိမ်းချမ်းချင်ရင် tao te ching 道德經
ယှဥ်ပြိုင်အနိုင်ယူ မဟာဗျူဟာချမှတ်ဖို့
The art of war 孫子兵法
မိသားစုနဲ့ ရပ်ရွာနိုင်ငံအုပ်ချုပ်ဖို့
Confucianism 儒 ရူဆိုတာရှိမယ်။
အတွေးအခေါ်တွေ အများကြီးရှိတယ်။
ငယ်ရွယ်ကြိုးစား အလုပ်လုပ်ရမည့်အချိန်မှာ
ဘယ်အတွေးအခေါ်ကို ပိုပိုသာသာလုပ်ရမယ်ဆိုတာ
လိုအပ်နိုင်တယ်။
Phyo Paing @ Derek