နံနက်ခင်းမှာ သတင်းကောင်းတစ်ခုကတော့
Akyanpay App အသစ်ကို
Apple က AppStore အတွက်
Approved လုပ်လိုက်ပါပြီ။
အိမ်တော့ဆောက်ပြီးပြီ
အထဲမှာ decoration လုပ်ဖို့နဲ့
လိုအပ်တာတွေ ဖြည့်ဖို့ပဲ ကျန်တော့မယ်။
စမ်းသပ်ပြင်ဆင်စရာလေးတွေရှိပေမယ့်
App ကို အစအဆုံးပြင်ဆင်မှုတွေ
ပြန်လုပ်ရတဲ့အတွက် အချိန်က
သတ်မှတ်ချိန်ထက် တစ်လပိုကြာသွားမယ်။
ကျွန်တော့် personal mission က
ကိုယ်မရှိတော့ရင်တောင် ကိုယ့်ရဲ့
ဖန်တီးမှုတွေကို လုပ်ငန်းရှင်၊
စွန့်ဦးတီထွင်၊ ရည်မှန်းချက်ကြီးတဲ့သူတွေ၊
တကယ်ကြိုးစားတဲ့သူတွေ၊
တိုးတက်ရေးကို ရူးသွပ်သူတွေ၊
ကိုယ့်အနာဂတ်၊ ကိုယ်နေထိုင်တဲ့နေရာ
အနာဂတ်ကို တိုးတက်အောင်
ကူညီနေသူတွေအတွက်
personal, professional, business development
ပိုင်းတွေ ဆက်လက်ပံပိုးပေးနေချင်တာပါ။
ဘဝတစ်ခုလုံးကို
ကျွန်တော်တို့ တည်ဆောက်နေတဲ့
အိမ်မက်ထဲမှာ ၁၀၀% ပေးထားတယ်။
ဒါကြောင့်
YEC-Managed Brand အခု 20+
YEC-Business Services 7+ နဲ့
YEC-Capital တွေကို အစပျိုးဖြစ်တာဖြစ်ပါတယ်။
ဒီပထမအဆင့်ပြီးရင်
တကယ်အရမ်းလုပ်ချင်နေတဲ့
ဒုတိယအဆင့်လာမယ်။
Brand တည်ဆောက်တဲ့အခါ
Branded House လို့ခေါ်တဲ့ Sony တို့လို၊
Caterpillar တို့လို ဘာလာလာ တစ်ခုတည်း
တည်ဆောက်လို့ရသလို၊
Houses of Brand လို့ခေါ်တဲ့
Unilevel တို့လို Clear, Sun Silk ဆိုပြီး
individual brand တွေတည်ဆောက်လို့ရတယ်။
ဒါပေမယ့် Merriot Hotel တို့လို
မတူတဲ့ segment တွေအတွက်
Courtyard တို့၊ Residence Inn တို့လို
Blended House ကိုပိုကြိုက်တယ်။
YEC-managed brand ထဲမှာ
ကုမ္ပဏီအောက်မှာ ပထမဆုံးစတင်ခဲ့တဲ့
YEC Learning Center ရှိမယ်။
နောက် အခု ၂၀+ လာမယ်။
အခုက အရာရာကို မျိုးစေ့ချတဲ့အချိန်
ပလုပ်တုတ်ခေါက်သွားတယ်။
ပြေးလို့မရရင် လမ်းလျှောက်မယ်။
လျှောက်လို့မရရင် တွားသွားမယ်။
အဲ့လိုစဉ်းစားထားတယ်။
အရာရာနည်းလမ်းတစ်ခုရှိမှာပါ။
အကြံ့ခိုင်ဆုံးက စိိတ်ဓာတ်လို့
ကိုယ့်ကိုကိုယ် ယုံကြည်ထားတယ်။
လောကဓံနဲ့ ကိုယ်နဲ့
ဘယ်သူပိုသန်မာလဲ
နောက်ဆုံး မသေခင်ထိ အားပြိုင်ရမှာပဲ။
Phyo Paing @ Derek