တစ်နေ့တစ်နေ့ စိတ်ကသိကအောင့်
လာဖြစ်စေတဲ့အရာကတော့
အလိုက်မသိ၊ လူလုပ်နည်းမသိတဲ့သူတွေကြောင့်
ဖြစ်တတ်ကြတယ်။
ကိုယ်နဲ့မဆိုင်ဝင်ပါတတ်တဲ့သူတွေ
ဖြစ်တတ်ကြသလို
လောကကြီးကို စိတ်တိုင်းမကျ
ကိုယ့်မှာရှိတဲ့အမှိုက်ကို
သူများဆီလာပစ်ချင်တဲ့သူတွေ
ဖြစ်တတ်ကြတယ်။
ပြဿနာသေးသေးလေးကို
ပုံကြီးချဲ့ပြောတတ်ကြသလို၊
တခါတခါ ကိုယ်မကြိုက်တဲ့စကားကိုမှ
ထပ်ခါထပ်ခါပြောတတ်ကြတယ်။
အဲ့လိုလူတွေက သူစိမ်းတွေဖြစ်တတ်ကြသလို၊
အရင်းနီးဆုံးသူတွေလဲဖြစ်နိုင်တယ်။
မဆီမဆိုင် ကိုယ်နဲ့လဲမသိ
ကိုယ့်အကြောင်းဖြစ်ရပ်မှန်လဲနားမလည်
ကိုယ့်ကိုကောက်ချက်ချ စိတ်အနှောက်အယှက်
ပေးချင်သူလဲဖြစ်နိုင်တယ်။
ဒီလိုလူတွေနဲ့ အကောင်းဆုံးထိုက်တန်တာက
ကိုယ့်ရဲ့ အာရုံ attention မဟုတ်ပါဘူး။
သူတို့နဲ့ထိုက်တန်တာ
ကိုယ့်ရဲ့လျစ်လျူရှုမှုပါ။
The only way to win with a toxic person, is
not to play.
ဒါလေးကြားဖူးကောင်းကြားဖူးလိမ့်မယ်။
ဒါကြောင့် ကိုယ့်ကိုလာဘူစေမည့်သူ
Toxic person တွေကို ban/block လုပ်လို့ရသလို
မကောင်းတတ်တဲ့သူတွေဆို unfollow လုပ်တာ
အကောင်းဆုံးရွေးချယ်မှုဖြစ်ကောင်းဖြစ်မယ်။
အရင်းအနှီးဆုံးနေ့စဉ်တွေ့နေရတဲ့သူတွေဆို
သူတို့ရဲ့ ထောက်ပံ့မှုက လွတ်မြောက်ဖို့
ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်တည်နိုင်အောင်လုပ်ပါ။
ကိုယ်တာဝန်ယူထားရတဲ့သူဆိုရင်တော့
လစဉ်ထောက်ပံ့ပေးနိုင်တဲ့ငွေအစီအရင်လုပ်ပြီး
ငြိနှိုင်းမှုတစ်ခုပြုလုပ် ထားခဲ့တာ
မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။
Phyo Paing @ Derek